မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီစည်းဝေး

 

နေပြည်တော်  စက်တင်ဘာ  ၂၉


မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ  (၁/၂၀၂၁)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်   မြှင့်တင်ရေး လုပ်ငန်းကော်မတီ      ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ   လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့် အမှာစကား   ပြောကြားရာတွင်   ကလေးအလုပ်သမားကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင်    ကလေးများ၏ ရုပ်ပိုင်း၊   စိတ်ပိုင်းနှင့်   လူမှုရေး ဆိုင်ရာ   ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောမဆောင်သည့် သက် ရောက်မှုရှိစေနိုင်သော  အလုပ်၊ ပညာရေးကို   အနှောင့်အယှက် ဖြစ်စေသော   အလုပ်၊ ကျောင်း တက်ရမည့်     အခွင့်အရေးကို ပိတ်ပင်စေသည့် အလုပ်၊ အချိန် မတိုင်မီ မဖြစ်မနေ ကျောင်းထွက် စေသည့် အလုပ်၊ ကျောင်းတက် ခြင်းနှင့်အတူ     ပြင်းထန်သော အလုပ်ကို   အချိန်ကြာမြင့်စွာလုပ်ရ သော အလုပ်များကို လုပ်ကိုင်နေ ရသော  ကလေးများကို  ဆိုလိုပါ ကြောင်း။


နုပျိုငယ်ရွယ်စဉ်တွင် ကျောင်း တက်၍ အတတ်ပညာ၊ အသိပညာ ရှာဖွေမှု မပြုလုပ်နိုင်ဘဲ  ကလေး သူငယ်အခွင့်အရေး ဆုံးရှုံးမှုများ ကို    တားဆီးကာကွယ်နိုင်ရန် လိုအပ်ပါကြောင်း၊   လူငယ်များ သည်   နိုင်ငံ၏   အနာဂတ်ဖြစ် သည့်အတွက်    နိုင်ငံကို   ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်နိုင် မည့် ဗလငါးတန်နှင့် ပြည့်စုံသော ကလေးသူငယ်များ   ဖြစ်လာရန် တာဝန်ရှိသူများနှင့်   မိဘဆရာ သမားများ၊   သက်ဆိုင်သူများက လေ့ကျင့်ပြုစု  ပျိုးထောင်ပေးကြ ရန် လိုအပ်ပါကြောင်း။


ပညာရှာရမည့်  အချိန်တွင် အန္တရာယ်ရှိသည့်      အလုပ်များ ကို  မလုပ်စေရန်၊  စီးပွားရေးအရ အမြတ်ထုတ်မခံရစေရန်၊ အချိန် မတိုင်မီ ကျောင်းထွက်ရခြင်းများ မဖြစ်စေရန် မိမိတို့လုပ်ငန်းကော် မတီအနေဖြင့်   ကလေးအလုပ် သမား ပပျောက်ရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေးကို  အရှိန်အဟုန် ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊      ဧရာဝတီ တိုင်းဒေသကြီး၊    မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများ ကို   ဦးစားပေးစီမံကိန်းနယ်မြေ သတ်မှတ်ထားပြီး ထိုနေရာ ငါးခု တွင် Complaint Center နှင့် Hot Line  များ   ဖွင့်လှစ်၍   ကလေး သူငယ်အလုပ်သမား    ပပျောက် ရေး၊   အကူအညီပေးရေး၊ အသိ ပညာပေးရေး   လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် ရန်၊   လုပ်ငန်းခွင်ကို  မရောက်ဘဲ ပညာသင်ကြားနိုင်စေရေး အသိ ပညာပေးမှုများကို      ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။


ထို့နောက် အသိပညာပေးရေး နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ    အတွင်းရေး မှူး၊   အလုပ်ရုံနှင့်   အလုပ်သမား ဥပဒေစစ်ဆေးရေး    ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း နှင့် တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်    မြှင့်တင်ရေး အတွက် ဆောင်ရွက်သွားကြမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြရာ  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။ 


သတင်းစဉ်