
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ နေပြည် တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင် များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကလေးအလုပ်သမား ပပျောက် ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခု ဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှု ဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်း ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက် ၂၀၁၉-၂၀၂၃ ကို ချမှတ်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်းထားရာတွင် ဥပဒေရေးရာ လုပ်ငန်း ကော်မတီကလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက်ကို ရေးဆွဲပြီး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြကာ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်ရန် အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ ကော်မတီ အနေဖြင့် ဥပဒေရေးရာလုပ်ငန်းများ တိုးတက်မှု အခြေအနေများကိုလည်း လေ့လာသုံးသပ်ဆောင် ရွက်လျက်ရှိပြီး ဥပဒေပိုင်းဆိုင်ရာများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရန် ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်းနှင့် အသစ် ရေးဆွဲခြင်းပြုနိုင်ရန်အတွက် ကလေးအလုပ် သမားနှင့် သက်ဆိုင်သည့် ဥပဒေများ၏ အားနည်း ချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီသို့ အကြံပြုချက်များ တင်ပြသွားမည်ဖြစ်သည့်အတွက် အကြံပြုချက်များ ရှိပါက မိမိတို့ကော်မတီသို့ ပေးပို့အကြံပြုစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥပဒေရေးရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည် ပြုခြင်း၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်း ရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော် ကျော်နိုင်က စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စပ်လျဉ်းသည့် ဟောပြောပွဲများ ကျင်းပရာတွင် အသုံးပြုရမည့် ကလေးအလုပ်သမား နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ် ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာ လုပ်ငန်း ကော်မတီ အတွင်းရေးမှူးက ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄)ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူခဲ့ ကြောင်း သိရသည်။
သတင်းစဉ်