မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကျန်းမာရေး ဓာတ်ခွဲခန်းသုံး ကိရိယာများနှင့် အကာအကွယ်ပစ္စည်းများ လှူဒါန်း

 

နေပြည်တော်  ဇူလိုင်   ၂၉


မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးအတွက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (TICA) က  ကျန်းမာရေးဓာတ်ခွဲခန်းသုံး ကိရိယာများနှင့် အကာအကွယ် ပစ္စည်းများအား    မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ရာ မဲဆောက်-မြဝတီ အပြည်ပြည်ဆိုင်ရာ    ဝင်/ထွက် ပေါက်မှတစ်ဆင့်     ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့  ယနေ့ညနေပိုင်းက ရောက်ရှိလာပြီး           အမျိုးသား ကျန်းမာရေး    ဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများက   လက်ခံ ရယူသည်။

 


ထိုင်းနိုင်ငံ    နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)သည်    မြန်မာ-ထိုင်း နှစ်နိုင်ငံ      ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအောက်မှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉    ကပ်ရောဂါ  တုံ့ပြန်မှုနှင့် ပြင်ဆင်မှုမြှင့်တင်ရေး စီမံကိန်း၏ အစိတ်အပိုင်း  တစ်ရပ်အနေဖြင့် ကိုဗစ်-၁၉    ရောဂါ  ရှာဖွေရေး ဓာတ်ခွဲခန်းသုံး  ကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို ရန်ကုန် မြို့    အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် မြဝတီ မြို့ရှိ အထွေထွေရောဂါကုဆေးရုံ ကြီးသို့   လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့သို့ ၂၀၂၁ ခုနှစ် မတ်လ အတွင်း   ပို့ဆောင်ပေးခဲ့ပြီးဖြစ် သည်။ ယခုအကြိမ်တွင် ရန်ကုန် မြို့    အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့   Real-Time PCR, Automatic Nucleic Acid Purification Instrument, Vortex Mixer, High Speed Centrifuge, Biological Safety Cabinet Class II- Type A2, PCR cabinet, Autoclave, Pipet Research Plus, DNA/RNA Extraction Kit, Bio indicator စက်များနှင့်   PPE ဝတ်စုံများ ရောက်ရှိလှူဒါန်းခဲ့ကြောင်း သိရ သည်။                    

 

 သတင်းစဉ်