မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စားသုံးသူပြည်သူများအတွက်‌ ရောင်းချသည့် ဆန်အိတ်ပေါင်း ၄၈၆၄ အိတ် အထိ‌ရှိ

 

ရန်ကုန်   ဩဂုတ်   ၁၆ 


မြန်မာနိုင်ငံ    ဆန်စပါးအသင်း ချုပ်က   ဦးဆောင်ကာ     စားသုံးသူ ပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင်   ဆန်တစ်အိတ်နှုန်းဖြင့် ဩဂုတ်၂ ရက်မှ ဩဂုတ် ၁၆ ရက် အထိ ဆန်အိတ်ပေါင်း   ၄၈၆၄ အိတ်     အထိရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်းမှ သိရသည်။

 


“ကျွန်တော်တို့    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင် ရောင်းချပေးတဲ့       ဆန်တွေက အရည်အသွေး     ကောင်းမွန်တဲ့ ဆန်တွေဖြစ်လို့ ပစ္စည်းမှန်၊ စျေးနှုန်း မှန်စွာနဲ့    စားသုံးသူတွေအတွက် လွတ်လပ်စွာ ရောင်းချပေး‌နေကာ ဖြစ်ပါတယ်”   ဟု      မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း  ဥက္ကဋ္ဌ  ဦးနေလင်းက ပြောသည်။    

 


“ရွှေဘိုပေါ်ဆန်းရဲ့  ၂၀၂၂ ခုနှစ်  အတွက်    စပါးစိုက်ပျိုးဧကဆိုရင် ၃၅၄၇၈၅   ဧက  စိုက်ပါတယ်။  ရွှေသွယ်ဧရာ    ၅၈၇၇၇    ဧက၊ မနောဧရာ ၂၆၈၀၅ဧက၊     အိုင်အာ ၁၉၆၉၉ ဧက၊ မနောသုခ ၂၅၃၇ ဧက၊    ဆင်တု ၁၈၇ ဧက စုစုပေါင်း ၆၇၀၁၃၃   ဧက    စိုက်ပျိုး ထားပါတယ်။၂၀၂၃ ခုနှစ်အတွက် အားလုံး     စိုက်ပျိုးပြီးသလောက် ဖြစ်ပြီး     ဇူလိုင်တတိယပတ်မှာ အကုန်ပြီးမယ်၊  အောက်တိုဘာမှာ သန္ဓေတည်မယ်။   နို၀င်ဘာမှာ ပန်းပွင့်မယ် ပြီးတော့ဒီဇင်ဘာမှာရိတ်သိမ်းမှာဖြစ်ပါတယ်”    ဟု ၎င်းက       ဆက်လက်‌ပြော သည်။  

 


“ကျွန်မ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်ရောင်းတယ်ဆိုလို့လာ၀ယ်တာပါ။     အပြင်ဆန်ဈေး ထက်စာရင်     သက်သာတာပေါ့။  ဒီလို    အိတ်လိုက်ရောင်းတော့ ဝယ်နိုင်တဲ့သူတွေက   ပိုကောင်းတာ ပေါ့။     အိတ်လိုက်မဝယ်နိုင်တဲ့သူ တွေကတော့    အပြင်မှာလက်လီ ၀ယ်စားတဲ့  ဆန်ဆိုင်တွေနဲ့   ဈေး ကွာတာပေါ့”ဟု       ဗဟန်းမြို့နယ် မှ ဒေါ်အေးက ပြောသည်။ အဆိုပါ  ဆန်ရောင်းချပေးရာတွင်   ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင်    ငွေကျပ် ၇၇၀၀၀၊   ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင်          ငွေကျပ် ၅၅၀၀၀၊ ကြားပျံဆန် တစ်အိတ် လျှင် ငွေကျပ်  ၆၀၀၀၀၊   ရက်  ၉၀ ဆန်တစ်အိတ်လျှင် ငွေကျပ်   ၃၇၀၀၀  ဖြင့်  ရောင်းချပေးခြင်း ဖြစ်ပြီး နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ည‌နေ ၃  နာရီခွဲအထိ‌  ရောင်းချ‌ပေးပြီး တနင်္ဂ‌နွေနေ့တိုင်း      ပိတ်ကြောင်း သိရသည်။              

အာကာလင်း