မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင် ၂၆


မြန်မာနိုင်ငံ  ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ      စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏     ပထမအကြိမ် အစည်းအဝေး  (၁/၂၀၂၂-၂၀၂၃) ကို       ယနေ့   မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


အစည်းအဝေးတွင် စီမံကိန်း နှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က ဆီစက်လုပ်ငန်းများ     ဖွံ့ဖြိုးရေး ချေးငွေ      စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ကို     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဇူလိုင် ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၈/ ၂၀၂၂) ဖြင့်   ဖွဲ့စည်းထားရှိပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံး ဆီတင်သွင်းမှု လျော့ကျ စေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက်   နေကြာအပါ အဝင်   ဆီထွက်သီးနှံများ   ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ဆီ ထွက်သီးနှံများကို အရည်အသွေး ကောင်း  စားသုံးဆီများ  ထုတ်လုပ် ရန်   အဆင့်မီဆီစက်များ   လိုအပ် နေရာ       လက်ရှိဆီစက်များကို  အဆင့်မြှင့်တင်ခြင်းနှင့်   ခေတ်မီ ဆီစက်အသစ်များ  ထပ်မံတိုးချဲ့ တည်ဆောက်ရန်အတွက် ရင်းနှီး မြှုပ်နှံမှု            လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်  ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ  ဆီစက်လုပ်ငန်းရှင် များ အသင်းအနေဖြင့်  တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် Dataများ ပြုစုပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံ ပိုင်ဘဏ်များသာမက   ပုဂ္ဂလိက ဘဏ်များနှင့်      အခြားငွေရေး ကြေးရေး    အဖွဲ့အစည်းများကပါ ဆီစက်လုပ်ငန်းများ          ဖွံ့ဖြိုး တိုးတက်ရေး       ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြရန်         ဖြစ် ကြောင်း၊    ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ၊    ဆက်စပ်ဌာနများ၊  အဖွဲ့ အစည်းများနှင့်          အမြဲမပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေး မှာကြားသည်။

 


ဆက်လက်၍ ဆီစက်လုပ်ငန်း များ   ဖွံ့ဖြိုးရေးချေးငွေ   စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့    အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး  ဦးမင်း သူ၊   မြန်မာနိုင်ငံ  ဆီစက်ပိုင်ရှင် များအသင်းဥက္ကဋ္ဌ  ဦးခင်စိုးတို့က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးရန်အတွက် စီမံ ခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏   ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များ၊ ဆီစက် များ၏    လက်ရှိအခြေအနေနှင့် ပတ်သက်၍   တင်ပြဆွေးနွေးရာ အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ  ဘဏ်များအသင်း ဥက္ကဌ၊  မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်  ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက      ဝိုင်းဝန်း အကြံပြု           ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များ         ချမှတ်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်