
ရန်ကုန် ဖေဖော်ဝါရီ ၂၁
မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း (Partnership Contract) အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မက်စ်တွင် ကျင်းပရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း နှင့် အမှုဆောင်များ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ အမှု ဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် နှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင် နယ်လိဂ် ကလပ်အသင်းပိုင်ရှင် များ၊ စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ လက်ရွေးစင် အားကစားသမားများနှင့် ဖိတ် ကြားထားသူများ တက်ရောက် ကြသည်။
Partnership စာချုပ် ချုပ်ဆို ပွဲတွင် ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား ပြီး ဧရာဝတီဘဏ် အမှုဆောင် အရာရှိချုပ် ဦးမြင့်ဇော်က ပံ့ပိုး ကူညီရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်း နောက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆို ပြီး အမှတ်တရ လက်ဆောင် ပေးအပ်ကာ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ဧရာဝတီဘဏ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေးစင် အသင်းနှင့် ဖူဆယ်ပြိုင်ပွဲများ၊ သက်တမ်း အလိုက် လူငယ်လက်ရွေးစင် အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ နိုင်ငံ တကာခြေစမ်းပွဲများ ကစားနိုင် ရန်၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ် များ သွားရောက်နိုင်ရန်၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် လက် အောက်ရှိ အကယ်ဒမီကျောင်းများ လည်ပတ် ဆောင်ရွက်ရန်နှင့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မိတ်ဖက် ပံ့ပိုးကူညီသူ (Partnership) အဖြစ် တစ်နှစ်အတွက် ကျပ်သိန်း ၁၀၅၀၀ (ကျပ်သိန်း တစ်သောင်း ငါးရာ) ပံ့ပိုးကူညီခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို Alpine သောက်ရေသန့်၊ RGK+ Z&A Group ၊ Warrix အားကစား ပစ္စည်း၊ PAN အားကစားဖိနပ်၊ နိုဗိုတယ် ရန်ကုန်မက်စ်တို့က လည်း Co-Sponsors များအဖြစ် ပံ့ပိုးကူညီလျက်ရှိသည်။
ဆက်လက်၍ မြန်မာနေရှင် နယ်လိဂ်နှင့် AYA Pay တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြ သည်။ AYA Pay အနေဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ ကျင်းပနေသည့် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ငွေကျပ်သိန်း တစ်သောင်း ပံ့ပိုးကူညီခြင်းဖြစ် သည်။ ၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ကျင်းပနိုင်ရေးအတွက် AYA Pay နှင့်အတူ Host Broadcaster အဖြစ် SKY NET ရုပ်သံ၊ တရားဝင် မိတ်ဖက်များအဖြစ် Genius ၊ 100 PLUS ၊ AYA SYMPO ၊ Warrix ၊ ပူးတွဲစပွန်ဆာများအဖြစ် CP FIVE STAR ၊ Fresh Air Con ၊ Alpine ၊ MAX Energy နှင့် MAX Cement တို့ကလည်း ပံ့ပိုးကူညီလျက်ရှိ သည်။
ကိုညီလေး
ဓာတ်ပုံ-သော်လေး