မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ

 

ရန်ကုန်  မတ်  ၂


မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၃) ကို မတ် ၂ ရက် နံနက် ပိုင်းက    နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌    ကျင်းပရာ    မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်   ဥက္ကဋ္ဌ ဦးဇော်ဇော်၊        ဒုတိယဥက္ကဋ္ဌ ဒေါက်တာ       စိုင်းဆမ်ထွန်း၊ အလုပ်အမှုဆောင်      အဖွဲ့ဝင် များ၊  အထွေထွေအတွင်းရေးမှူး        ဦးကိုကိုသိန်းနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 


ယင်း     အစည်းအဝေးတွင် မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ    ဦးဇော်ဇော်၊   ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အလုပ် အမှုဆောင်များဖြစ်သည့် ဦးကျော် ဆန်း  (အားကစားနှင့်    လူငယ် ရေးရာဝန်ကြီးဌာန ကိုယ်စားပြု)၊ ဦးကိုကိုဌေး   (ပညာရေးဝန်ကြီး ဌာန ကိုယ်စားပြု)နှင့် အလုပ်အမှု ဆောင်များ၊ ကော်မတီဥက္ကဋ္ဌများ နှင့်     မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ    တက်ရောက် ဆွေးနွေးသည်။   အစည်းအဝေး တွင်    လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက်   ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်နှင့်   ပူးပေါင်း ကျင်းပမည့်  FIFA-MFF U15Youth  League 2023    အား အောင်မြင်စွာ       ကျင်းပနိုင်ရေး အဓိကဆွေးနွေးခဲ့ သည်။  ယင်းနောက် တက်ရောက် လာသည့် အမှုဆောင်အဖွဲ့ဝင်များ က AFC “Pro” လိုင်စင်ရ မြန်မာ နည်းပြများ      ထွက်ပေါ်လာရေး အတွက် အာရှဘောလုံးအဖွဲ့ချုပ် (AFC)နှင့် ဆက်သွယ်ဆောင်ရွက် ရေး၊    ပြည်တွင်းပြည်ပနည်းပြ များ    ခန့်အပ်တာဝန်ပေးခြင်း၊ လက်ရွေးစင်အသင်းများ ပြင်ဆင် ဖွဲ့စည်းထားမှု      အခြေအနေ၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန၊    ပညာရေးဝန်ကြီး ဌာနတို့မှ    လူငယ်ပြိုင်ပွဲများ ကျင်းပနေမှုနှင့်    အဆိုပါပြိုင်ပွဲ များမှ  လူငယ်ကစားသမားများ အား Scouting ပြုလုပ်ထားရှိရေး၊ ယခုနှစ်အတွင်း   ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင်  မြန်မာအသင်း များ   အောင်ပွဲရရှိရေး  ကြိုတင် ပြင်ဆင်မှုများ၊ နိုင်ငံတကာပြိုင်ပွဲ များ ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် ဖီဖာ အဆင့်ပြိုင်ပွဲများအထိ ရည်မှန်း ချက်များထားရှိရေး၊ ဖူဆယ်လိဂ် ပြိုင်ပွဲများ      ကျင်းပနေမှုနှင့် ဆက်လက်ကျင်းပမည့်  ဖူဆယ် ပြိုင်ပွဲများအား ရှင်းလင်းတင်ပြ ခြင်း၊ ၂၀၂၃ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်နှင့်အဖွဲ့ချုပ် ရွေးကောက်ပွဲကျင်းပရေး     အစ ရှိသည့်      လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့သည်။


ကိုညီလေး၊ ဓာတ်ပုံ - MFF