
ရန်ကုန် မတ် ၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အတွင်း လိုက်နာနေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင် ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်း တက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ပါဝင် တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်ရုံး ဝန်ထမ်းများ၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မြင့်မားလာစေခြင်းဖြင့် ကော်မရှင် ၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်ရန် အထောက်အပံ့ ပေး နိုင်သည့် လုပ်ငန်းကျွမ်းကျင်သူ များ ဖြစ်လာစေရန် ရည်ရွယ် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ သင်တန်းအား (၂) ကြိမ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းကို မပျက် မကွက် တက်ရောက်ပြီး လုံ့လ ဝီရိယဇွဲရှိရှိဖြင့် ကြိုးစားလေ့လာ ဆည်းပူးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းတက်ရောက် လာသည့် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက် စကားများ အသီးသီး ပြောကြားခဲ့ သည်။
ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်း သားဦးရေ ၂၁ ဦးဖြင့် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ငါးရက်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် Online မှ တစ်ဆင့် Zoom Platform ကို အသုံးပြု၍ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် ၁၃ ခုဖြင့် သင်ကြား သွားမည်ဖြစ်ကြောင်း၊ အလားတူ ဌာနတွင်း လူ့အခွင့်အရေး အသိ ပညာပေးသင်တန်း ဒုတိယ အသုတ်ကို ဧပြီလအတွင်း ထပ်မံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်