
နေပြည်တော် ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
အဆိုပါ အဖွဲ့သည် ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများ ကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေး မှု၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက် ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှု၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ နေထိုင်မှု၊ အဆောက်အဦများ အတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင် ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် စီစဉ်ဆောင်ရွက် ထားမှု ရှိ၊ မရှိ အခြေအနေ စသည့်အခြေခံလူ့အခွင့် အရေးများရရှိခြင်း ရှိ၊ မရှိ တို့ကို ကြည့်ရှုစစ်ဆေး သည်။
ယင်းအဖွဲ့သည် ရိပ်သာ၌ လက်ခံ စောင့်ရှောက် ထားသော အဘိုးအဘွား စုစုပေါင်း ၇၂ ဦးကို နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြား သည်။
ကော်မရှင်အဖွဲ့ဝင်များ၏ ရွှေသံလွင်ဘိုးဘွား ရိပ်သာကို ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ် သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ သို့ ပေးပို့သွားမည်ဖြစ်သည်။
သတင်းစဉ်