မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့ လုပ်ငန်းတာဝန်ခွဲဝေမှု ညှိနှိုင်းစည်းဝေး

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့ လုပ်ငန်းတာဝန်ခွဲဝေမှု ညှိနှိုင်းစည်းဝေး

=========================================================

နေပြည်တော် ဩဂုတ် ၁၂

 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့၏ လုပ်ငန်း တာဝန်ခွဲဝေမှု ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

ပြောကြား

အစည်းအဝေးတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်က OS သင်တန်းများဖွင့်လှစ် ထားရှိမှုနှင့် ထပ်မံဖွင့်လှစ်ရန် ကြိုတင် ဆောင်ရွက်နေမှု အခြေအနေ၊ အပြည် ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ထောက်ပံ့ထားသော ရန်ပုံငွေနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ (IOC)မှ Report များကို ရှင်းလင်း တင်ပြရေး SOMS Office အဖွဲ့၌ လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက်မှု နှင့် နောက်ဆုံး SOMS အစည်းအဝေး တွင် ဆွေးနွေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြစေလိုကြောင်း ပြော ကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်က မြန်မာအိုလံ ပစ်ကော်မတီ(MOC) တွင် တာဝန်ပေး ထားမှုများ၊ SOMS Office ၌ တာဝန် ပေးထားမှုများ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ လုပ်ငန်းလည်ပတ်နေမှုနှင့် SOMS လုပ်ငန်းတာဝန်များ ခွဲဝေထား ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ညွှန်ကြားရေးမှူး ဦးခွန် ဂျာအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်တို့က အပြည်ပြည်ဆိုင် ရာ အိုလံပစ်ကော်မတီက ထောက်ပံ့ ထားသော ရန်ပုံငွေများ၊ OS သင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင် ထားရှိမှုများ၊ မြန်မာအိုလံပစ် ကော်မတီ (MOC)လက်အောက်ရှိ ကော်မတီ အရပ်ရပ်၏ တာဝန်ခွဲဝေထားရှိမှုများ ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် SOMS တာဝန်ခံ ဦးမြ သန်းထိုက်(ကျွမ်းကျင်သူ) က SOMS ၏ လုပ်ငန်းတာဝန် ခွဲဝေမှု၊ နိုင်ငံတကာ နှင့် နောက်ဆုံးဆွေးနွေးထားရှိမှုများအခြေအနေကို ရှင်းလင်းတင်ပြသည်။

 

တင်ပြဆောင်ရွက်

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအောက်ရှိ ကော်မတီ အသီးသီးမှ အဖွဲ့ဝင်များအား ကော်မတီ နှင့်သက်ဆိုင်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးရန်၊ သက်ဆိုင် ရာ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ (IOC)အောက်ရှိ ကော်မတီ များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေး ရန်၊ နေ့စဉ် မြန်မာအိုလံပစ် ကော်မတီ (MOC) လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC)နှင့် ချိတ်ဆက်ဆောင်ရွက်ပြီးစီးမှုများအား အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရန် မှာကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်း လတ်၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော် ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ နှင့် SOMS ရုံးအဖွဲ့ဝင်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 

သတင်းစဉ်