မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

 

နေပြည်တော်    ဇူလိုင်    ၁


အဂတိလိုက်စားမှုသည်  လူ့အဖွဲ့အစည်းတစ်ရပ်လုံး ကို ထိခိုက်စေသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သကဲ့သို့  နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့်အပြင်    နိုင်ငံတိုင်း၏   စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဖြစ်စဉ်များကို ထိခိုက် စေသဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်း ကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်လျက် ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ     မော်စကိုမြို့သို့  ရောက်ရှိနေသော   မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၂၉ရက် တွင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ   မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌    ကျင်းပပြုလုပ်သည့်  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  ရှေ့နေချုပ်ရုံးတို့အကြား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး  ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း  အခမ်းအနားကို တက်ရောက်ခဲ့သည်။ 


အခမ်းအနားတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့်  ရှေ့နေချုပ် Mr. Igor Krasnov တို့က နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်။ အဆိုပါ  နားလည်မှုစာချွန်လွှာကို “အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ    သတင်းအချက် အလက်များ၊   ကောင်းမွန်သည့်  အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေး ပွဲများ   ပူးပေါင်းကျင်းပရန်၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ ဥပဒေ ရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိ လိုက်စားမှု ကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်မှုပစ္စည်း များ ပြန်လည်ရယူရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပူးပေါင်း ဖွင့်လှစ်ရန်၊ မျိုးဆက်သစ်လူငယ်များအတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး  သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်”      ရည်ရွယ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊   ရှေ့နေချုပ်  Mr. Igor Krasnov နှင့် သံအမတ်ကြီး ဦးလွင်ဦးတို့  တက်ရောက်ကြသည်။


ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor Krasnov နှင့်  သီးသန့်တွေ့ဆုံပြီး  နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် မှု အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။  ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က “ယခုနှစ် ၂၀၂၃ ခုနှစ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅) နှစ်ပြည့်မြောက် သည့် စိန်ရတုနှစ်ဖြစ်သဖြင့် ထူးခြားသည့်နှစ် တစ်နှစ် ဖြစ်ကြောင်း၊   ယခုကဲ့သို့   ထူးကဲသည့်   ကာလတွင် မြန်မာနိုင်ငံ      အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး တို့အကြား    အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ  အပြန်အလှန်   ပူးပေါင်းဆောင်ရွက်ရေး  မှတ်တိုင်တစ်ခု     ထူထောင်နိုင်ခြင်းပင်ဖြစ်သဖြင့် ဂုဏ်ယူမိကြောင်း၊   မြန်မာနိုင်ငံအနေဖြင့်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ       ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကို    ခေတ်စနစ်နှင့်အညီ      ပြင်ဆင်နိုင်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ   ရှေ့နေချုပ်ရုံး၏   အကြံဉာဏ်ကို  ရယူ ဆောင်ရွက်လိုကြောင်း၊    ကော်မရှင်ရုံး ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး ပူးပေါင်း  ဆောင်ရွက်နိုင်မည့်    အစီအမံများကို ဆွေးနွေးလို ကြောင်း၊ ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/  ပြည်နယ် အစိုးရအဖွဲ့များတွင်   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units – CPUs) ဖွဲ့စည်းထားပြီး    အဆိုပါ  အဖွဲ့များသို့ အသိပညာပေးအစီအစဉ်များ       ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါအဖွဲ့များကို  တာဝန်ယူဆောင်ရွက် နေသည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရေး ရှေ့နေချုပ်ရုံး၏ အကူအညီဖြင့်ဆောင် ရွက်လိုကြောင်း၊  ကော်မရှင်က လုပ်ဆောင်နေသည့် ကျောင်းသားလူငယ် အသိပညာပေး အစီအစဉ်များ၊ လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီ အစဉ်များတွင်လည်း  နည်းပညာအကူအညီများကို ရယူလိုကြောင်း” ဆွေးနွေးခဲ့သည်။


ရှေ့နေချုပ်   Mr. Igor Krasnov   က   ပြန်လည် ဆွေးနွေးရာတွင် “ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေ ချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မှု အတွက်   များစွာဂုဏ်ယူမိကြောင်း၊  ရှေ့နေချုပ်ရုံး အနေဖြင့်လည်း   မြန်မာနိုင်ငံ   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊  အဂတိလိုက်စားမှုကို လုံးဝသည်းခံ ခွင့်လွှတ်ခြင်းမပြုသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်း လာစေရေးအတွက် လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းများက          အရေးကြီးကြောင်း၊ ထို့ကြောင့် ရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် International Youth  Social  Anti-Corruption Advertising Competition “Together Against Corruption” တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ကူညီ ဆောင်ရွက်ပေးရန်  ဖိတ်ခေါ်လိုကြောင်း၊   ပုဂ္ဂလိက ကဏ္ဍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည်  လွန်စွာ အရေးကြီးသဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်မည့် “8th Eastern Eco-nomic Forum” တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ၏ ဆက်စပ် မှုကို ဆွေးနွေးသွားရန်ရှိသဖြင့်  ကော်မရှင်ဥက္ကဋ္ဌကို ပါဝင်တက်ရောက် ဆွေးနွေးပေးပါရန်  ဖိတ်ခေါ်လို ကြောင်း၊  မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့  ဖိတ်ခေါ်၍   ဖြောင့်မတ် တည်ကြည်မှု   မြှင့်တင်ရေးအတွက်  လိုအပ်သည့် အသိပညာ၊    ဗဟုသုတများကို   မိမိတို့ဘက်က သင်ကြားပေးလိုကြောင်းနှင့်        အခြားလိုအပ်သည်များ ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ 


ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည်   ဇွန် ၃၀ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ University of Prosecutor’s Office သို့ ရောက်ရှိကာ  တက္ကသိုလ်တွင်   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍   သင်ကြား ပို့ချပေးခြင်းဆောင်ရွက်နေမှုများကို  လေ့လာခဲ့ပြီး ပါမောက္ခချုပ် Mr. MATSKEVICH Igor Mikhailovach နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက “မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိ ပညာပေးအစီအစဉ်များ၊  ကျောင်းသားလူငယ် ပညာ ပေးအစီအစဉ်များနှင့် Edu-tainment အစီအစဉ် များကို ကျောင်းသားလူငယ်များအကြား အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့် University of Prosecutor’s Office of the Russian Federation တက္ကသိုလ်နှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ကို ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့်  နည်းပညာ  အထောက်အကူပြု  သင်တန်းများ   ပံ့ပိုးပေးစေလို ကြောင်း ဆွေးနွေးခဲ့ရာ ပါမောက္ခချုပ် Mr. MATSKEVICH Igor  Mikhailovach က ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံ      အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့  နည်းပညာသင်တန်းများ ပံ့ပိုးဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။


ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်      အစီအမံများကို အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ယနေ့ပြန်လည်ရောက်ရှိသည်။


သတင်းစဉ်