မြန်မာနှစ်သစ်ကူးသင်္ကြန်အကြို စတုဒိသာ ကျွေးမွေးပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

 

နေပြည်တော်   ဧပြီ  ၈ 


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး  သင်္ကြန်အကြိုစတုဒိသာ ကျွေးမွေးပွဲနှင့် ပျော်ပွဲရွှင်ပွဲကို  ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


နှစ်သစ်ကူးအကြိုပျော်ပွဲရွှင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အတူ ဝန်ထမ်းများက တည်ခင်း ဧည့်ခံသော မြန်မာ့ရိုးရာ စတုဒိသာမုန့်များကို သုံးဆောင်ကြပြီး ပျော်ရွှင်စွာ ရေပက်ကစားကြသည်။


သတင်းစဉ်