
ရန်ကုန် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှု ပြုသူ များဖြင့် စည်းကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ပွဲနှင့် ရွှေတိဂုံ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး များထံမှ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် စေတီ တော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ တိပိဋကဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ (ယောဆရာ တော်) ဘဒ္ဒန္တ သီရိန္ဒာဘိဝံသထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဝတ်အသင်းအဖွဲ့ များ၊ အလှူရှင်များက နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော် ကြီးများထံမှ နှစ်သစ်မင်္ဂလာ အန္တရာယ် ကင်း ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂ မဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ထို့ပြင် မဟာဝိဇယစေတီတော်မြတ် ကြီး၏ ဂန္ဓကုဋိတိုက်အတွင်းရှိ အပ္ပ ရာဇိတ ပလ္လင်ပေါ်၌ သီတင်းသုံး စံပယ် လျက်ရှိသည့် “မုဉ္ဇလိန္ဒာ နဂါမျိုးနွယ် နဂါး ကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များ ကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထား အပ်သော နာဂစိဝရာ ပဋပဋိမာ မြတ်စွာ ဘုရား ဆင်းတုတော်မြတ်ကို” ရောင်ခြည် တစ်ထောင်အလင်းဆောင်သည့် ဘာဏု ရာဇာ နေမင်းကြီးသည် မိမိအလင်းရောင် ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက် ၁၃၈၄ ခုနှစ် မြန်မာ့နှစ်ဆန်း ၁ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ပူဇော်မှုကို ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး၊ သီရိ မင်္ဂလာကမ္ဘာအေးစေတီတော်၊ အလားတူ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဝရဒါဌာ ဓါတု စေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ သမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ် ကြီးနှင့် ဆုတောင်းပြည့် မယ်လမု စေတီတော်တို့၌ ဂေါပကအဖွဲ့များက ကြီးမှူး၍ နှစ်သစ်မင်္ဂလာ အခါတော် နေ့ အခမ်းအနားများနှင့် ဘုရားဖူးလာ ပြည်သူများအား စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းကြသည်။
သတင်း-ကိုကိုဇော်၊ ကျော်ကျော်
ဓာတ်ပုံ-လင်းလတ်ကြယ်