မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုအဆင်ပြေစေရေးအတွက် တောင်တွင်းကြီး-ကျောက်ပန်းတောင်း-ပုဂံ RBE ရထား ပြေးဆွဲပေးလျက်ရှိ

 

နေပြည်တော်     ဒီဇင်ဘာ      ၂


မြန်မာ့မီးရထားအနေဖြင့်  ပြည်သူများ ခရီးသွားလာမှု   လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏  ခရီးသွားလာမှုဆိုင်ရာ  လိုက်နာဆောင်ရွက်ရမည့်        အချက်များ Standard Operating Procedure (SOP) လမ်းညွှန်ချက်နှင့်အညီ တိုးမြှင့်ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိသည်။       

 


တောင်တွင်းကြီး -    နတ် မောက်-  ကျောက်ပန်းတောင်းနှင့် ပုဂံဒေသများတွင်       နေထိုင်ကြ သော  ပြည်သူများခရီးသွားလာမှု     လွယ်ကူ       အဆင်ပြေစေရေး အတွက်    အမှတ်(၁၀၇)အဆန်/ အမှတ်(၁၀၈)    အစုန်     ပုဂံ-တောင်းတွင်းကြီး-ပုဂံ     လူစီး ရထားကို ဒီဇင်ဘာ  ၁ ရက်မှစ၍ နေ့စဉ်   ပြန်လည်ပြေးဆွဲပေးလျက် ရှိသည်။   အမှတ်  (၁၀၈)  အစုန် ရထားသည်   ပုဂံဘူတာမှ   နံနက်   ၆     နာရီခွဲတွင်      ထွက်ခွာ၍ တောင်တွင်းကြီးဘူတာသို့ မွန်းလွဲ ၁၂  နာရီ  ၃၅   မိနစ်တွင်   လည်း ကောင်း၊  အမှတ်(၁၀၇) အဆန် ရထားသည်        တောင်တွင်းကြီး ဘူတာမှ   မွန်းလွဲ   ၁  နာရီခွဲတွင် ထွက်ခွာ၍ ပုဂံဘူတာသို့ ည ၇ နာရီ  မိနစ် ၄၀ တွင်လည်းကောင်း၊ အသီးသီးထွက်ခွာ/ ဆိုက်ရောက် မည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် ဘူတာ ၁၇ ဘူတာ   ရပ်တန့်ပေးကာ ခရီးစဉ်အစအဆုံး တစ်ဦးလျှင်  ငွေကျပ်  ၄၇၀၀  နှုန်းဖြင့်    ပြေးဆွဲပေးလျက်ရှိကြောင်း   သိရှိရသည်။

 


ထို့အပြင်     နေပြည်တော်/ပျဉ်းမနားမှ  ခရီးသွားပြည်သူများ အနေဖြင့် ပုဂံဒေသသို့ သွားရောက် လိုပါက ပျဉ်းမနားဘူတာမှ နေ့စဉ် နံနက်  ၆  နာရီခွဲတွင်    စတင် ထွက်ခွာပြီး      တောင်တွင်းကြီး ဘူတာသို့  မွန်းလွဲ  ၁၂  နာရီ  ၃၅ မိနစ်တွင်        ဆိုက်ရောက်မည့် အမှတ်(၁၀၃)   အဆန်ရထားဖြင့် လိုက်ပါ၍   တောင်တွင်းကြီးဘူတာ မှ  မွန်းလွဲ ၁ နာရီခွဲတွင်  စတင် ထွက်ခွာမည့် အမှတ်(၁၀၇)အဆန် ရထားဖြင့်  ဆက်လက်ချိတ်ဆက် စီးနင်းလိုက်ပါနိုင်ရန်နှင့်     ပုဂံမှ လိုက်ပါလာသော    ခရီးသည်များ အနေဖြင့်လည်း   တောင်တွင်းကြီး ဘူတာမှ   မွန်းလွဲ  ၂  နာရီခွဲတွင် ထွက်ခွာသည့်      အမှတ်(၁၀၄)အစုန်ရထားဖြင့်    ပျဉ်းမနား ဘူတာသို့    ဆက်လက်ချိတ်ဆက် စီးနင်းလိုက်ပါနိုင်ရန်   ရထားများ ရောက်ရှိ/     ထွက်ခွာချိန်များကို အပြန်အလှန်    ချိတ်ဆက်၍ ရထားကူးပြောင်း  စီးနင်းလိုက်ပါ နိုင်ရေး  စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။

 


မြန်မာ့     မီးရထားအနေဖြင့် ခရီးသည်     စီးနင်းမှုများပြားလာ သည်နှင့်အမျှ  ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊  ရထားစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွား မိဘပြည်သူများ    လုံခြုံစိတ်ချစွာ လိုက်ပါ           စီးနင်းနိုင်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်