မြန်မာ့မြေပေါ်မှ ဧရာဝတီပရိုင်းမိတ်များ

Type

 

မာန်သစ်ငြိမ်း
(ရှေးဟောင်းသုတေသန)

 

ယမန်နေ့မှအဆက်
ကိုလိုဘိုင်းမျောက်၏     သီးခြား အံသွား နှစ်ချောင်းကိုလည်း မကွေးတိုင်းဒေသကြီး ပေါက် မြို့နယ်  ချိုင်ဇောက်ဧရိယာတွင်   မြို့ခင်းသာ အမှတ်(၂)နေရာ၌  ဧရာဝတီကျောက်လွှာစု၏ မိုင်အိုဆင်းနှောင်းပိုင်း-ပလိုင်အိုဆင်းအစောပိုင်း အနည်အနှစ်များမှ  ကောက်ယူတွေ့ရှိခဲ့ရသည်။ ဤအံသွားနှစ်ချောင်းကိုလည်း  Myanmarcolo-bus တွေ့ရှိသောနေရာမှပင်  ရှာဖွေတွေ့ရှိခဲ့သည်။ ချိုင်ဇောက်နို့တိုက်သတ္တဝါများ၏ ကြွေသွားများကို တည်မြဲသော ကာဗွန်အိုင်ဆိုတုပ်နည်းဖြင့် ခွဲခြမ်း စိတ်ဖြာစစ်ဆေးခြင်းဖြင့် မိုင်အိုဆင်းနှောင်းပိုင်း-ပလိုင်အိုဆင်းအစောပိုင်းကာလ   ချိုင်ဇောက် ဧရိယာ၌ တော/မြက်မပေါက်သော သစ်တောမှ သာလွန်သော ပတ်ဝန်းကျင် အကူးအပြောင်းကာလ ၏ ပျံ့နှံ့မှုကို ညွှန်ပြနေသည်။ (ဇင်မောင်မောင်သိန်း ၂၀၁၀၊ ၂၀၁၁)။ ချိုင်ဇောက်တွင် မြက်မပေါက်သော ကုန်းများ ကျယ်ပြန့်လာခဲ့ပြီး တော/အသီးအပင် ပေါက်ရောက်သော သစ်တောများ အလုံအလောက် ပေါကြွယ်ဝနေပြီဖြစ်သောကြောင့် တောတွင်းနေ ထိုင်သော ဖြူမျိုးစဉ်များ(Porcupines)၊ ချေမျိုးစဉ် များ (Tragulids)၊ ကြံ့မျိုးစဉ်များ (Rhinocerotids)၊ တောဝက်မျိုးစဉ်များ (Suids)နှင့် ဆင်မျိုးစဉ်များ စသည့် တိရစ္ဆာန်များကို ထောက်ပံ့ရန် လူး၊ ဆပ်၊ ဆန်၊ ပဲသီး၊ ကြံ၊ ပြောင်းဖူး   စသည့်အပင်များ ပေါက်ရောက်လာကြသည်။ ချိုင်ဇောက် ကိုလိုဘိုင်း မျောက်များ၏ လှုပ်ရှားပြုပြင်တတ်သည့် စွမ်းအား သည် တော/ သစ်တောပတ်ဝန်းကျင်၌  ထိုအချိန် ကာလတွင် အတူတကွနေထိုင်သည့် အခြားတော နေတိရစ္ဆာန်များနှင့်အတူပင် ဖြစ်သည်။
မျိုးစိတ်ကိုးမျိုးကို တွေ့ရှိနိုင်
ဂွေးပင်ဧရိယာ၏   ပလိုင်အိုဆင်းနှောင်းပိုင်း ဧရာဝတီအနည်အနှစ်များမှ   မကြာသေးမီကာလ ကိုလိုဘိုင်းမျောက်များ၏  ဒါဇင်လောက်နီးပါးခန့် သီးသန့်ဖြစ်သော  သွားများကို ရရှိခဲ့သည်။   ဤ ကိုလိုဘိုင်းမျောက်များ၏   သွားအရွယ်အစားနှင့် တိရစ္ဆာန်နှင့် အပင်များ၏  ပုံသဏ္ဌာန်ဖွဲ့စည်းထင်ဟပ် ဖြစ်ပေါ်လာပုံသည် မပျောက်မပျက်ရှိသော Sem-nopithecus နှင့် တူသည်။  ၎င်းနှင့်  နှိုင်းစာလျှင် ကြီးမားပြီး ကမ္ဘာမြေပေါ်ရှိ ကိုလိုဘိုင်းမျောက်သည် အရှေ့ဘင်္ဂလားဒေရှ့်မှ အနောက်ပါကစ္စတန်ဖြစ် သည့် အိန္ဒိယတိုက်ငယ်တွင်  ကျယ်ပြန့်စွာ  ပျံ့နှံ့ လျက်ရှိသည်။ မပျောက်မပျက်ရှိသော Semnopi-thecus ကို အမျိုးအစားခွဲခြား  သတ်မှတ်ရာတွင်  ရှုပ်ထွေးနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့ကို အစဉ် အမြဲ  ခွဲခြမ်းစိတ်ဖြာရာတွင်  မျိုးစိတ်  ကိုးမျိုးကို တွေ့ရှိနိုင်သည်။ သို့သော်လည်း ဂွေးပင်ဧရိယာမှ မဆုံးပါးနိုင်သော ကျောက်ဖြစ်ရုပ်ကြွင်း အကြွင်း အကျန်များဖြစ်သည့် Semnopithecus gwe-binensis အဖြစ် အမည်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံ၌  ယနေ့အချိန်  ကာလအထိ Semnopithecus ကို မတွေ့ရှိရသေးပေ။ 
လူနှင့်တူသော လူဝံ (Khoratpithecus) မျိုးစိတ်ကို ထိုင်းနိုင်ငံ၏ မိုင်အိုဆင်းနှောင်းပိုင်းကာလမှ တွေ့ရှိ ခဲ့ကြောင်း ပထမဆုံးအစီရင်ခံခဲ့ပြီး  ကိုယ်စားပြု ခံနေရသော မျိုးစိတ်နှစ်မျိုးဖြစ်သည့်  K.chiang-muanensis နှင့် K.piriyai (Chaimanee et al. 1997, 2004, 2006)  နှင့်   ဘိုးဘေးဘီဘင်နှင့်ဆိုင်သော ပုံသဏ္ဌာန် (သို့မဟုတ်) အလွန်နီးကပ်စွာ နှီးနွှယ်သော မပျောက်မပျက်သေးသော   အာရှတိုက် အော်ရန် ဂူတန်ဟု စဉ်းစားခဲ့သည်။ (Chaimanee et al. 2004)။
Khoratpithecus   ayeyarwadyensis   ၏ အကြွင်းအကျန်ကို မကွေးတိုင်းဒေသကြီး မကွေးမြို့ ယင်းဆိပ်နေရာဒေသမှ  ရှာဖွေတွေ့ရှိခဲ့သည်။ Khor-atpithecus ayeyarwadyensis  ၏  နှစ်ဖက်မြင် အမျိုးအစားတွင် အံကြိုသွားအမှတ် (၄) မှ အံသွား အမှတ်(၂) ဘယ်ဘက်အောက်  မေးရိုးတစ်ခြမ်းကို ဓာတ်သတ္တုရှာဖွေရေးအရင်းအမြစ်ဦးစီးဌာန(Bangkok) ၏ ပို့ချအနည်များ စုဆောင်းခြင်း၌  မကွေး ဧရိယာမှ  ရွာသားများ  ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ယခုအခါပြန်လည်အပ်နှံခဲ့ပြီဖြစ်သည်။ (Jaeger et al., 2011)။  မြန်မာနိုင်ငံ၏ လူနှင့်တူသော ကျောက် ဖြစ်ရုပ်ကြွင်းတည်နေရာကို လူး၊ ဆပ်၊ ဆန်၊ ပဲသီး၊ ကြံ၊ ပြောင်းဖူး စသည့် အပင်ပတ်ဝန်းကျင်၌ အမြဲစိမ်း သစ်တောများ ရှိနေခဲ့နိုင်သည်ဟု ယူဆခဲ့သည်။ ၎င်း အယူအဆအရ တိရစ္ဆာန်မျိုးစုံ ပေါင်းဖက်ခြင်းနှင့် မြင်းမျိုးစဉ်၏ တည်ငြိမ်အိုင်ဆိုတုပ်အပေါ် အခြေခံ သည်။ မြန်မာနိုင်ငံမှ ရှာဖွေတွေ့ရှိခဲ့သော Khorat-pithecus ayeyarwadyensis ၏ မတူကွဲပြားမှုများ တိုးပွားလာခြင်းကို   အာရှတိုက်တောင်ပိုင်း၏ မိုင်အိုဆင်း ကာလ၌ ကြီးမားသော လူနှင့်တူသော မျိုးစိတ်များရှိခြင်းက ညွှန်ပြနေပေသည်။  
အီအိုဆင်းအလယ်ပိုင်းကာလနှောင်းပိုင်း ပုံတောင် နှင့် Neogen နှောင်းပိုင်း ဧရာဝတီ၏  မြန်မာနိုင်ငံ အလယ်ပိုင်းဖွဲ့စည်းမှုသည် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းအမျိုးမျိုးကို ပေါ်ထွက်စေသည်။  ပုံတောင် ကျောက်လွှာစုမှ  လူနှင့်တူသော ပရိုင်းမိတ်ကျောက် ဖြစ်ရုပ်ကြွင်းများသည် အရှေ့တောင်အာရှ၌ သက်တမ်း ကြီးသော  လူနှင့်တူသော   ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်ကြောင်း   ဆုံးဖြတ်ခဲ့ကြသည်။  လူနှင့်တူသော    ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း များအတွက်  အာရှ၏   မူလအစဖြစ်သည်ဆိုသော အကြောင်းပြချက်အတွက် အခြေခံအပိုဒ်ကို ထောက်ခံ နေသည်။  ဤဖွဲ့စည်းခြင်းကိုလည်း မြန်မာ နိုင်ငံတွင်  ကြုံတွေ့ရသော  မျိုးစိတ်နှစ်ခုဖြစ်သည့်  Sivaladapid   strepsirrhines မျောက်မျိုးစဉ်များ ဖြစ်သည်။ 
ဧရာဝတီအနည်အနှစ်များ
အခြားတစ်ဖက်တွင် ဧရာဝတီအနည်အနှစ်များ ၌ လူနှင့်တူသော Khoratpithecus နှင့် Colobine မျောက်မျိုးစဉ် သုံးမျိုးကို ထွက်ပေါ်စေသည်။ Kh-oratpithecus ကို ဧရာဝတီအနည်အနှစ်များမှ ရှာဖွေ တွေ့ရှိခဲ့သည့်အတွက် အရှေ့တောင်အာရှ၏ Mio-cene ကာလ၌  ကြီးမားသော   လူနှင့်တူသော မျောက်ဝံ၏အဆင့်   တိုးတက်ဖွံ့ဖြိုးလာခြင်းသည် မတူကွဲပြားမှုရှိသည်။  အရှေ့တောင်အာရှ  ပိုကြီး သောဒေသ၌ ၎င်းတို့သည် ကောင်းမွန်စွာ  ပျံ့နှံ့ နေထိုင်ကြသည်။  ကမ္ဘာဟောင်း   မျောက်များ (Cercopithecidae)  ၏    ကြွင်းကျန်ရစ်သော ကျောက်ဖြစ်ရုပ်ကြွင်းများသည် အရှေ့တောင်အာရှ ၌ အလွန်ရှားပါးသည်။ 
အထူးသဖြင့် ပလိုင်အိုဆင်းကာလနှင့် ရှေးကျ သောအနည်လွှာများရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း Neogen  နှောင်းပိုင်းကာလမှ   ကိုလိုဘိုင်းမျောက် များ ရှာဖွေတွေ့ရှိမှု မှတ်တမ်းကိုသာမကဘဲ အရှေ့ တောင်အာရှရှိ Cercopithecidae  များလည်း ပါဝင် သည်။ ထိုကဲ့သို့သော  Cercopithecidae   ကျောက် ဖြစ်ရုပ်ကြွင်း  အကြွင်းအကျန်မရှိခြင်းသည်လည်း ကောင်း၊ မြန်မာနိုင်ငံရှိ Neogen နှောင်းပိုင်းကာလ အနည်အနှစ်များမှ Macaca (မျောက်တံငါ) သည် အာရှမျောက်များ၏ ဆင့်ကဲဖြစ်စဉ်သမိုင်းအတွက် ဖြေရှင်းနိုင်သော၊ နက်နဲသောအရာများ ဖြစ်သည်။ 
လူနှင့်တူသော ပရိုင်းမိတ်ဆိုင်ရာ အဆင့်မြင့်နှင့် အဆင့်နိမ့်သောလက္ခဏာရပ်များ ပြည့်စုံစွာ တွေ့နိုင် သည့် ကျောက်ဖြစ်ရုပ်ကြွင်းနေရာဒေသများတွင် ဧရာဝတီပရိုင်းမိတ်ဒေသများသည်   တစ်စတစ်စ ထင်ရှားခိုင်မာလာပြီ ဖြစ်ပါသည်။ မျိုးစဉ်၊ မျိုးစိတ် အမျိုးအစားနှင့် အရေအတွက်များလှသော တန်ဖိုး များကိုလည်း     ဧရာဝတီပရိုင်းမိတ်ဒေသတို့၏  ဒေသများတွင်သာ  တွေ့နိုင်ပါသည်။   ဧရာဝတီ ကျောက်လွှာစုမှ    နို့တိုက်သတ္တဝါကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ပရိုင်းမိတ်တို့၏  သွားများတွေ့ရှိရာ ဒေသများသည်လည်း    ထင်ရှားလာပြီဖြစ်သည့် အပြင်   နောင်လာမည့်နှစ်များတွင်လည်း    ထပ်မံ တွေ့ရှိခဲ့ရသော  ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်း များ၏  သွားများနှင့် အရိုးများအကြောင်းကို  ကမ္ဘာ မှ  ပညာရှင်များ  သိရှိလာတော့မည် ဖြစ်ပါသည်။  ဘူမိဗေဒဆိုင်ရာနှင့်  ရှေးခေတ်ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာတွေ့ရှိ မှုများကလည်း ပုံတောင်ပရိုင်းမိတ် နှင့် ဧရာဝတီပရိုင်းမိတ်တို့၏  သဘာဝတန်ဖိုးကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါသည်။ လူနှင့်တူသော  ပရိုင်းမိတ်ဘဝ တိုးတက်လာမှုလမ်းကြောင်းတွင် ပုံတောင်ပရိုင်းမိတ်တို့၏ အခန်းကဏ္ဍသည်   လည်း ကောင်း၊ ဧရာဝတီပရိုင်းမိတ်၏  အခန်းကဏ္ဍသည် လည်းကောင်း   အရေးပါ၍ ရှေးကျသောရပ်တည် မှုကို ဖော်ပြနေခြင်းကြောင့်  များမကြာမီကာလတွင်  ကမ္ဘာ့လူသားအားလုံး၏ စိတ်ဝင်စားဖွယ်ရာဒေသ များ ဖြစ်လာတော့မည် ဖြစ်ပါသည်။  
ကျမ်းကိုးစာရင်း
    ၁။    တင်သိန်း(ဘူမိဗေဒ)၊  ဒေါက်တာ - လူသားအစ မြန်မာက၊ စာပေဗိမာန်စာမူ ဆုရ၊ စာပေဗိမာန်၊ ရန်ကုန်မြို့၊ ၂၀၀၁။
    ၂။    မောင်သင်း၊ ဒေါက်တာ - ပရိုင်းဘဝမှ သည် လူသားများဆီသို့၊ စာပေဗိမာန် စာမူဆုရ၊ စာပေဗိမာန်၊  ရန်ကုန်မြို့၊ ၂၀၀၁။
    ၃။    Aung  Naing  Soe,  Dr. – Pondaung Anthropoid Primate Syn thesis and Palaw emironmanted in plication၊ မြန်မာရှေးဟောင်းသမိုင်း  အထောက် အထား    သုတေသနစာတမ်းများ၊ ရှေးဟောင်းသုတေသန၊   အမျိုးသား ပြတိုက်နှင့်   စာကြည့်တိုက်ဦးစီးဌာန၊ ၂၀၁၀။
    ၄။    Bimam Basu – The Story of Man, National Book Trust, India, 1997.
    ၅။    Zin Maung Maung Thein and Other – Review  of the  Investidation  of Primate Fossils in Myanmar, the Geological Society of London, 2017.
    ၆။    Khin Maung Lwin (FAME) & Myat Kay Thwe Lwin (Botanist), Dr. – Medicinal Plant List of Myanmar, second edition, Yangon, FAME Publishing House, 2015.
    ၇။    ဦးသိန်း၊ ဒေါက်တာ (ပါမောက္ခ) - ဒေသ ကောလိပ်သုံး   အထွေထွေဘူမိဗေဒ၊ စတုတ္ထအကြိမ်၊ ဘာသာပြန်နှင့်စာအုပ် ထုတ်ဝေရေးဌာန၊  အထက်တန်းပညာ ဦးစီးဌာန၊ ၁၉၈၇။
    ၈။    Yasuhisa Nakajima, RenHirayama, Masanaru Takai – Bone histology of a giant land turtle Megalochelys, Project reports 2019.