
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ ဝင်ရောက် နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးပြီး အာဆီယံ - ဂျပန် စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းက အဖွင့် အမှာစကား ပြောကြားပြီး အာဆီယံ - ဂျပန် စင်တာအတွင်း ရေးမှူးချုပ်ကိုယ်စား Senior Executive Officer Dr. Yuka Kubota က နှုတ်ခွန်းဆက်စကား ပြောကြားကာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများသည် ဂျပန်စျေးကွက်သို့ တင်ပို့ရန် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဝဥ၊ ဂျင်း၊ တိုင်းရင်းဆေး၊ ဟင်းသီးဟင်းရွက် နှင့် နှမ်းထုတ်ကုန်များ ခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှု ကြသည်။
ယင်းနောက် ဂျပန်စျေးကွက် သို့ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သည့် ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြကာ တက်ရောက် လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပြီး ဂျပန် စျေးကွက် ဝင်ရောက်နိုင်ရေး အားသာချက်၊ အားနည်းချက်များ နှင့် ဆောင်ရွက်ရန် အချက်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်