မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ကောက်ခံရရှိရေး ကွင်းဆင်းဆောင်ရွက်

 

ပဲခူး   ဩဂုတ်   ၅


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး၊   လက်ထောက်အထွေထွေ မန်နေဂျာ   ဦးခင်မောင်စိုးနှင့်   မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ  တာဝန်ရှိသူများသည်  ပဲခူး တိုင်းဒေသကြီးအတွင်းရှိ  တောင်သူလယ်သမား များအား ၂၀၂၂  ခုနှစ်   မိုးရာသီချေးငွေလျာထား ချက်ပြည့်မီအောင်   ထုတ်ချေးရေးနှင့်   ယခင်နှစ် များက တောင်သူများရယူထားသည့် အချိန်စေ့ လွန်      စိုက်ပျိုးစရိတ်ချေးငွေကြေးကျန်များ  ပြန်လည်ပေးဆပ်ရေးကိစ္စရပ်များ ထိရောက်စွာ ဆောင်ရွက်ကြရန် နယ်မြေခံတောင်သူများအား တွေ့ဆုံပြီး နှိုးဆော်ဆောင်ရွက်သည်။ 

 


ထိုသို့ ဆောင်ရွက်ရာတွင်  တိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊  သနပ်ပင်၊  ကဝ၊ ဝေါ၊  ဒိုက်ဦး၊ ညောင်လေးပင်၊ ဖြူး၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ် တို့မှ      မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ၊    ကျေးရွာ အသီးသီးမှ     စိုက်ပျိုးစရိတ်ချေးငွေစိစစ်ရေး ဥက္ကဋ္ဌများ၊  အတွင်းရေးမှူးများ၊  တောင်သူ ကိုယ်စားလှယ်များနှင့်  ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှ ၅  ရက်အထိ   သွားရောက်တွေ့ဆုံကာ မိုးရာသီချေးငွေ   ဆက်လက်ထုတ်ချေးရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ     အမြန်ပြန်လည် ပေးဆပ်ရေးကိစ္စရပ်များကို     ဆွေးနွေးမှာကြား သည်။

 


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ  တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီချေးငွေ  ကျပ်သိန်းပေါင်း ၉၄၉၀၀ ကျော် ထုတ်ချေးရန်လျာထားပြီးဖြစ်ကြောင်းနှင့်  ဩဂုတ်  ၁ ရက်အထိ  ငွေကျပ် ၅၈၉၂၉ သိန်းကျော် ထုတ်ချေးပြီးဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်    မိုးရာသီချေးငွေများကို      စက်တင်ဘာ   ၃၀    ရက်အထိ   ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။                  

 သတင်းစဉ်