မြန်မာ့လက်ရွေးစင်တင်းနစ်အသင်း ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားတင်းနစ်ပြိုင်ပွဲသို့ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

 

ရန်ကုန်  အောက်တိုဘာ  ၃၁


၂၀၂၃  ခုနစ်   အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ဘာရိန်းနိုင်ငံ တွင် ကျင်းပခဲ့သော DAVIS CUP (THE WORLD CUP OF TENNIS) ASIA OCEANIA GROUP V (အာရှ  ၁၃  နိုင်ငံ)  ပြိုင်ပွဲတွင်  မြန်မာ့ လက်ရွေးစင်    တင်းနစ်အသင်း သည်   အုပ်စုပွဲစဉ်တွင်  အိမ်ရှင် ဘာရိန်းနိုင်ငံ       အသင်းနှင့် ဘူလ်တန်     နိုင်ငံအသင်းတို့ကို အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲတွင် လာအိုနိုင်ငံအသင်းအား   နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်ကာ  ၂၀၂၄  ခုနှစ် ကမ္ဘာ့ဖလား တင်းနစ်ပြိုင်ပွဲတွင် ASIA  OCEANIA  GROUP  IV  မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်   ရရှိသွား‌ ကြောင်း သိရသည်။


ယင်းပြိုင်ပွဲသို့       မြန်မာ့ လက်ရွေးစင်    တင်းနစ်အသင်း   နည်းပြအဖြစ်       ဦးခင်မောင်ဝင်း (မာဃမင်း တင်းနစ်အကယ်ဒမီ)၊ ကစားသမားများအဖြစ် မြူပိုင်မင်း၊ အောင်မျိုးသန့်၊     ဇော်ဆန်းဦး၊ ဟိန်းထက်ဇော်၊ ဟိန်းလတ်ကျော် တို့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည်။


အောင်ပွဲရ          မြန်မာ့ လက်ရွေးစင်      တင်းနစ်အသင်း သည်‌ အောက်တိုဘာ ၂၈ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ      မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်   ဥက္ကဋ္ဌ   ဦးမျိုး သူရ၊          ဒုတိယဥက္ကဋ္ဌ     (စီမံ) ဒေါက်တာ အောင်ကျော်ဆန်းနှင့် အလုပ်အမှုဆောင်    အဖွဲ့ဝင်များ ကြိုဆိုကြ‌ကြောင်း သိရသည်။    


အာကာလင်း