မြန်မာ့လက်ရွေးစင် အလေးမအားကစားမယ် ဇင်မေဦး ဆီးဂိမ်းအလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး

 

နေပြည်တော်   မေ    ၁၃


(၃၂) ကြိမ်မြောက် ဆီးဂိမ်း  အလေးမပြိုင်ပွဲ ပထမနေ့ကို မေ ၁၃ ရက် က စတင်ကျင်းပရာ အမျိုးသမီး ၄၅ ကီလိုတန်းတွင် မြန်မာ့လက်ရွေးစင်     အလေးမကစားသမား ဇင်မေဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်။

 


အမျိုးသမီး   ၄၅ ကီလိုတန်းတွင် ကစားသမားငါးဦး ဝင်ရောက် ယှဉ်ပြိုင်ပြီး ဇင်မေဦးကရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ကိုလိုနီရာက ငွေတံဆိပ်၊ လာအိုကစားသမား ဖောင်ဆာ ခွန်က  ကြေးတံဆိပ်ရရှိခဲ့သည်။   ပြိုင်ပွဲ ပထမနေ့တွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ကျင်းပရာ   မြန်မာအလေးမအဖွဲ့သည် အမျိုးသမီး ၄၅ ကီလိုတန်းတစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း   ဖြစ်သည်။ ဆီးဂိမ်း  အလေးမပြိုင်ပွဲကို မေ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ - အားကစားနှင့် 
လူငယ်ရေးရာဝန်ကြီးဌာန