မြန်မာကိုယ်စားလှယ်အဖွဲ့  ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့်  (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့်  ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 )သို့ တက်ရောက်

 

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ 
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့်  (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် 
ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022 )သို့ တက်ရောက်   

 

နေပြည်တော်   နိုဝင်ဘာ   ၂၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌  ရောက် ရှိနေသည့်     လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး        ဦးသောင်းဟန်နှင့်          သိပ္ပံနှင့်       နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မျိုးသိန်းကျော်တို့  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်  အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း   နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ  နိုဝင်ဘာ ၂၁ ရက်တွင်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ Sochi မြို့တွင်  ကျင်းပသည့် (၁၂)ကြိမ်မြောက်    နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်   (၂၀၂၂)         (XII International Forum ATOMEXPO 2022)  ဖွင့်ပွဲသို့ တက်ရောက်ကြ သည်။

 


အဆိုပါ Forum သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ  နျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊    အစိုးရ အဖွဲ့များ၊     အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်    စီးပွားရေး လုပ်ငန်းများမှ    တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ  Rosatom ၏  အကြီး အကဲ  ဥက္ကဋ္ဌ Alexey Likhachev (အလက်ဆီလီကာချော့)    က  Forum         ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်    ပတ်သက်၍ အဖွင့်အမှာစကား  ပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 


ပြခန်းများကြည့်ရှု


ထို့နောက်     တက်ရောက်လာ ကြသူများက    (၁၂) ကြိမ်မြောက် နျူကလီးယား  နည်းပညာအခြေခံ သည့်    ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂)           (XII International Forum ATOMEXPO 2022)တွင် ခင်းကျင်း          ပြသထားသည့် နျူကလီးယား  စက်မှုလုပ်ငန်း၏ ခေတ်မီပြခန်းများနှင့်  ပုံစံငယ်များ ကို လိုက်လံကြည့်ရှုလေ့လာကြ၍ သိရှိလိုသည်များအား    မေးမြန်း ဆွေးနွေးကြပြီး   မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ထို့နောက်        ပြည်ထောင်စု ဝန်ကြီးများဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  Sirius Park of Science and Art ရှိ Atom ခန်းမတွင်ပြုလုပ်သည့်     မျက်နှာ စုံညီအစည်းအဝေး   (Plenary Session ) တွင် “Nuclear Spring: creating sustainable future”  ခေါင်းစဉ်ဖြင့်         ဆွေးနွေးမှုကို တက်ရောက်         လေ့လာကြသည်။ အဆိုပါ         အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သမ္မတ H.E. Vladimir Vladimirovich Putin က ပေးပို့သည့်  မိန့်ခွန်းအား Rosatom ၏ အကြီးအကဲ ဥက္ကဋ္ဌ  Alexey Likhachev    (အလက် ဆီလီကာချော့)   က  (ကိုယ်စား)ပြောကြားသည်။

 


ယင်းနောက်     တက်ရောက် လာကြသည့်  တာဝန်ရှိသူများက   Nuclear Energy  မှ နိုင်ငံတကာ၏ စွမ်းအင်          အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊    သဘာဝပတ်ဝန်း  ကျင်နှင့်  လူမှုဘဝ ထိခိုက်မှုမရှိဘဲ နိုင်ငံ၏     စီးပွားရေးတိုးတက်မှု ကဏ္ဍတွင်   အထောက်အကူပြုပုံ နှင့်   ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ    ရရှိနိုင်မှုတို့ကို အလှည့်ကျဆွေးနွေးကြသည်။

 


လက်မှတ်ရေးထိုး


ယင်းနောက် မြန်မာကိုယ်စား လှယ်အဖွဲ့သည်    Rosatom    ၏ အကြီးအကဲ ဥက္ကဋ္ဌ   အလက်ဆီလီ ကာချော့နှင့်     သီးခြားတွေ့ဆုံ၍ အသေးစား         ရေအားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR) နှင့်   လူသားအရင်းအမြစ် လေ့ကျင့်   သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို    ဆွေးနွေးခဲ့ကြပြီး Non Disclosure Agreement ကို လက်မှတ်ရေးထိုးကြသည်။

 


ATOMEXPO  FORUM  မှာ ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက် ခဲ့ပြီး  နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ သည့်   နိုင်ငံတကာ  နျူကလီးယား အဖွဲ့အစည်းများဖြစ်သော    IAEA နှင့်  ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့်  အာဖရိကနိုင်ငံအသီးသီး မှ  အလေးထားတက်ရောက်သော Forum တစ်ခုဖြစ်သည်။   Nuclear Power မှ  ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးနှင့်   Green  Energy သို့ အသွင်ကူပြောင်းရေး  ရည်မှန်း ချက်အား  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။        ယခု  Forum တွင်  ဘီလာရုစ်၊ ဇင်ဘာ ဘွေ၊  ဘူရန်ဒီ၊  မြန်မာ၊  ဥဇဘက် ကစ္စတန်      စသည့်နိုင်ငံများနှင့် လက်မှတ်ရေးထိုး  ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။ ဆွေးနွေး ပွဲတွင် Program ပေါင်း ၄၀ ကျော်၊  တက်ရောက်သူပေါင်း     ၄၀၀၀ ကျော်   တက်ရောက်ခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်