မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့

 

နေပြည်တော်   ဧပြီ   ၂၇


(၅၇) ကြိမ်မြောက်            မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမ နေ့ကို ယနေ့တွင်  နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပသည်။

 


နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ   ကျောက်စိမ်းခန်းမ အတွင်း  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့်  ခန်းမ အပြင်ဘက်  သတ်မှတ်နေရာများ အလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို     စိတ် ကြိုက်  လေ့လာကြည့်ရှုကြသည်။

 


ယနေ့ပြပွဲတွင်   ကျောက်စိမ်း အတွဲအမှတ်   (၇၀၁)   မှ    (၁၄၀၀)  အထိ     အတွဲပေါင်း  ၇၀၀   အား ပြည်တွင်း၊      ပြည်ပ   ရတနာ ကုန်သည်များကို   အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်          ရောင်းချပေးခဲ့ရာ  ကျောက်စိမ်း အတွဲပေါင်း ၄၅၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း      ကြေညာ သည်။

 


ထို့နောက် ပြပွဲသတ္တမနေ့တွင် ရောင်းချမည့်         ကျောက်စိမ်း အတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀)အထိ   ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊   ပြည်ပ       ရတနာ ကုန်သည်များက  ကြည့်ရှုစစ်ဆေး ကြပြီး     ဈေးနှုန်းတင်သွင်းလွှာ များကို     တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

 


ယင်းနောက်   ကျောက်စိမ်း အတွဲအမှတ်   (၁၄၀၁) မှ   (၂၀၀၀) အထိ         တင်သွင်းထားသည့်  ဈေးနှုန်း     တင်သွင်းလွှာများကို တာဝန်ရှိသူများက  မွန်းလွဲ ၃ နာရီ တွင်     ပိတ်သိမ်းပြီး    တင်ဒါပုံး များကို    ဖွင့်ဖောက်စစ်ဆေးကာ  ဧပြီ ၂၈ ရက်   နံနက် ၈ နာရီတွင် ရောင်းချရသည့်     ကျောက်စိမ်း အတွဲများအား     ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
ယခင်ရက်     ပြပွဲများတွင် ပြည်တွင်း၊        ပြည်ပ    ရတနာ ကုန်သည်များအား      အိတ်ဖွင့် တင်ဒါစနစ်ဖြင့်   ပုလဲအတွဲပေါင်း ၃၃၀ ကို ဧပြီ ၂၃ ရက်မှ ၂၄ ရက် အထိ  ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း  ၃၃၀ ကို   လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်  အတွဲပေါင်း ၅၄ တွဲ ကို လည်းကောင်း၊   ကျောက်စိမ်း အတွဲ ၂၀၀၀ အနက်  ကျောက်စိမ်း အတွဲ   ၁  မှ   ၇၀၀  အထိ   အတွဲ ပေါင်း  ၇၀၀  ကို   ဧပြီ ၂၆ ရက်တွင်  ရောင်းချပေးခဲ့ရာ   ကျောက်စိမ်း အတွဲ  ၅၂၃  တွဲကို  လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

 


ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများ ကို ရောင်းချခြင်းဖြင့် ကျောက်မျက် ရတနာ ရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊  ကျောက် မျက်ရတနာ အချောထည်လုပ်ကိုင် သူများအတွက်  ကုန်ကြမ်းရရှိခြင်း နှင့်       ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက်     အလုပ် အကိုင်များ အဆင်ပြေခြင်းစသည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင် မည်ဖြစ်သည်။ 

 


ထို့ပြင်    ယခုကျင်းပပြုလုပ် သည့် (၅၇) ကြိမ်မြောက်   မြန်မာ့ ကျောက်မျက်ရတနာ         ပြပွဲကို နိုင်ငံတော်အတွက်     နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်    နိုင်ငံသားများ အတွက်       စီးပွားရေးအကျိုး  ဖြစ်ထွန်းမှုများ        ရရှိနိုင်စေရန် အတွက်    မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ် မှုဖြင့်  ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း    သိရ သည်။         


သတင်းစဉ်