မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၁၁


မြန်မာ့ကျောက်မျက်ရတနာပြပွဲ      ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ    ဗဟိုကော်မတီ နာယက    သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ်  နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲ များနှင့်    ကျောက်မျက်အတွဲများ၊  ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့်    ရောင်းချမည့်အစီအစဉ်၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည်များ၏ တည်းခိုနေထိုင်ရေး စီစဉ်ဆောင် ရွက်ထားမှုနှင့်      ပြပွဲတွင်တင်ပြရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများအတွက် ငွေပေးချေမှုတို့နှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြသည်။

 


အစည်းအဝေးသို့     သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီးများ၊    မြန်မာနိုင်ငံတော်ဗဟိုဘဏ်   ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ    လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်