
ရန်ကုန် မေ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်း တို့ ပူးပေါင်းစီစဉ်ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်) စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပ သည်။
အဆိုပါ စာအုပ်မိတ်ဆက် ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ စာပေ ပညာရှင်ကြီးများ၊ ထွန်းဖောင် ဒေးရှင်း မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
စာအုပ် မိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက စွယ်စုံကျမ်း အောင်မြင်စွာ ထုတ်ဝေနိုင်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ စာပေဗိမာန်တည်ထောင် စဉ်ကပင် မြန်မာ့စွယ်စုံကျမ်း ထုတ်ဝေရေးလုပ်ငန်းကို ဆောင် ရွက်ခဲ့ရာ ၁၉၅၄ ခုနှစ်တွင် မြန်မာ့ စွယ်စုံကျမ်း အတွဲ -၁ ကို ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ (က မှ အ) အထိ မြန်မာ့စွယ်စုံကျမ်း (၁၅)တွဲ ကို ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ၂၂ နှစ်ကြာမျှ ပြုစု ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ အဆိုပါစွယ်စုံကျမ်း (၁၅)တွဲ ကို ခေတ်နှင့်အညီ ဖြည့်စွက်မွမ်းမံ၍ (မူသစ်) ပြန်လည်ထုတ်ဝေရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း ရန် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန စာပေဗိမာန်နှင့် ပူးတွဲကာ ပါဝင်အားဖြည့်ကူညီရန် စိတ်အား ထက်သန်စွာ ကမ်းလှမ်းလာသူမှာ ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်း ထွန်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်မှစ၍ လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပါကြောင်း။
မကြာမီက ထွန်းဖောင်ဒေးရှင်း ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း ကွယ်လွန်သွားသည့် အတွက် များစွာ စိတ်မကောင်းဖြစ်ရပါ ကြောင်း၊ ၎င်းကွယ်လွန်သွားခြင်း သည် မိမိတို့ နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘက်တွင် ကြီးမားသော ဆုံးရှုံး မှုကြီး တစ်ရပ်ပင်ဖြစ်ပါကြောင်း။
ယခုစွယ်စုံကျမ်း ပြုစုရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန စာပေဗိမာန်နှင့် ထွန်း ဖောင်ဒေးရှင်းတို့ လုပ်ငန်းခွဲဝေမှု မူဘောင်ဆိုင်ရာ လက်မှတ်ရေး ထိုးပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၄ ရက်တွင် စာပေဗိမာန်ရုံး၌ ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော် ကလည်း ခေတ်စနစ်ပြောင်းလဲလာသည်နှင့်အမျှ လုပ်ထုံး လုပ်နည်းများကိုပါ လိုက်ပါ ပြောင်းလဲပြီး အဆိုပါကျမ်းကြီးကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြစ် အောင် ဦးဆောင်ကော်မတီ၊ စာတည်းအဖွဲ့တို့ဖြင့် ဆောင်ရွက် ခဲ့ရာ အတွဲ -၁ (က - ကုတ်) ကို ယနေ့ အောင်မြင်စွာ ထုတ်ဝေနိုင် ခဲ့ပါကြောင်း၊ ထွန်းဖောင်ဒေးရှင်း နှင့် လက်တွဲဆောင်ရွက်ခွင့်ရ သည့်အတွက် များစွာတန်ဖိုးထား ပါကြောင်း၊ ယခု အတွဲ-၁ (က- ကုတ်)တွင် တည်ပုဒ်အကြောင်း အရာနှင့် Glossary များ အပါအဝင် စာမျက်နှာ ၅၀၀ ခန့် ရှိပြီး အက္ခရာ (က-ကုတ်) အထိ အကြောင်း ရပ်တည်ပုဒ်ပေါင်း ၄၂၅ ပုဒ် ရှိပါ ကြောင်း၊ ပြည်တွင်း ပြည်ပနှင့် ဆိုင်သော ရောင်စုံ ဓာတ်ပုံ၊ မြေပုံ ပေါင်း ၅၀၀ ခန့်ကိုလည်း ဝေဝေ ဆာဆာဖြင့် စိတ်ဝင်တစားဖတ်ရှု ချင်ဖွယ်ဖြစ်အောင် ထည့်သွင်း ဖော်ပြထားပါကြောင်း။
ယခင်စွယ်စုံကျမ်း အတွဲ (၁၅) ကို ခေတ်စနစ်နှင့်အညီ ပြန်လည် ပြုပြင်ထုတ်ဝေပါက (၂၅)တွဲခန့် ခန့်မှန်းထားသောကြောင့် ကျန် အတွဲများကိုလည်း ယခုအတွဲ -၁ (က-ကုတ်) ကဲ့သို့ အောင်မြင်စွာထုတ်ဝေသွားနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းကျော်အောင် က မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်) နှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ထွန်းဖောင်ဒေးရှင်း မိသားစု ကိုယ်စား သားဖြစ်သူ ဦးသန့်ဇင် ထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဦးသန့်ဇင်ထွန်းက ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တက်ရောက်လာကြသူ များသည် ခန်းမပြင်ပ၌ ခင်းကျင်း ပြသထားသည့် မြန်မာ့စွယ်စုံကျမ်း စာအုပ်များကို လှည့်လည်ကြည့်ရှု ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် စာပေပညာရှင်ကြီး များနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရန်ကုန်မြို့၌ စာဆို ဗိမာန် တည်ဆောက်ရေးအတွက် အဖွဲ့ ဖွဲ့စည်းရေးအကြို ညှိနှိုင်း ဆွေးနွေးသည်။
နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆီလျော်သည့် နိုင်ငံတကာအဆင့်မီ စာဆိုဗိမာန် အဆောက်အအုံကို ရန်ကုန်မြို့၌ တည်ဆောက် သွားမည်ဖြစ် ကြောင်း၊ နိုင်ငံအကျိုးပြု စာပေ ပညာရှင်များနှင့် သက်ဆိုင်သည့် စာအုပ်စာပေ ဓာတ်ပုံမှတ်တမ်း များ၊ ရုပ်တုများ စုစည်းထားရှိရန်၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ပြည်သူများ စိတ်အပန်းဖြေ လေ့လာနိုင်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြသည့် စာပေ ပညာရှင်များ ဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး (၁ ))၊ ဦးစိန်လှိုင် (ဆရာသူရဇော်)၊ ဦးမောင်မောင်ဦး(ဟိန်းလတ်)နှင့် ဦးကြည်ဝင်း (လောက အမွန်) တို့ က စာဆိုဗိမာန်တည်ဆောက်ရေး နှင့် ပတ်သက်၍ မြေနေရာ ရွေးချယ်ထားမှု အဆောက်အဦပုံစံ (အကြမ်း)၊ ထားရှိမည့် အခန်းပုံစံ (အကြမ်း)၊ ဆွေးနွေးအကြံပြု နိုင်မည့် ပညာရှင်များနှင့် အဖွဲ့ များ ဖွဲ့စည်းရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ပဏာမညှိနှိုင်း ဆွေးနွေးကြသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြေ နှစ် ဧကပေါ်တွင် စာပေပညာရှင်များအတွက် စာဆို ဗိမာန်တစ်ခု တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ စာဆိုဗိမာန်ကြီး နိုင်ငံတကာအဆင့်မီ ပေါ်ပေါက် လာရေးအတွက် စာပေပညာရှင် ကြီးများ စုံစုံလင်လင်ဖြင့် ထပ်မံ ညှိနှိုင်းဆွေးနွေးခြင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်