မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်

နေပြည်တော်    ဩဂုတ်    ၃၀
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်)     အဆောက်အဦနှင့်  ဇလပ်ဝါပလာဇာ ဖွင့်လှစ်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်      ဥတ္တရသီရိမြို့ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းရှိ အဆိုပါ    ပလာဇာမျက်နှာစာ၌ ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်  အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး ဆန်းဦး၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်  ရေးဦးစီးချုပ်ရုံးမှ   တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊     ဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူ  များ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊    နေပြည်တော် စည်ပင်သာယာရေး    ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်၊ မြန်မာ့စီးပွားရေး   ဦးပိုင်အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက်မှ   မန်နေဂျင်းဒါရိုက်တာ၊ ဌာနကြီးမှူးများ၊    ဒါရိုက်တာ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ   တက် ရောက်ကြသည်။
ရှေးဦးစွာ  မြန်မာ့စီးပွားရေး ဦးပိုင်       အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်(ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာ ဇာအား မြန်မာ့စီးပွားရေး  ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်၊ အထွေထွေ အုပ်ချုပ် ရေးရာဌာနကြီးမှူး    ဦးမောင် မောင်စိုး၊   ဝန်ဆောင်မှုလုပ်ငန်း များ  ဌာနကြီးမှူး    ဦးအောင်ရဲဝင်း၊ ဒါရိုက်တာအဖွဲ့ဝင်   ဦးကျော်မျိုး ဝင်းနှင့်    နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး  ရဲမိုးတို့က ဖဲကြိုးဖြတ်      ဖွင့်လှစ်ပေးကြ သည်။ (ဝဲပုံ)
ထို့နောက် မြန်မာ့စီးပွားရေး ဦးပိုင်  အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦးက    မြန်မာ့ စီးပွားရေးဦးပိုင်      အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်)     အဆောက်အဦနှင့် ဇလပ်ဝါပလာဇာ     ဆိုင်းဘုတ် အား  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီး(အပေါ်ပုံ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့်    တာဝန် ရှိသူများနှင့် ဖွင့်ပွဲအထိမ်းအမှတ် အဖြစ်     စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန် ရှိသူများက မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ရုံးချုပ်နှင့်     ဇလပ်ဝါ ပလာဇာအဆောက်အအုံ ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည် ဖြင့်ပက်ဖျန်းပေးပြီး အခမ်းအနား ကို      ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ    ဇလပ်ဝါပလာဇာ သည် နေပြည်တော် ဥတ္တရသီရိမြို့ မန္တလေးလမ်းနှင့်   ဇလပ်ဝါလမ်း ထောင့်တွင်တည်ရှိပြီး စားသောက် ကုန်၊      လူသုံးကုန်၊     ဆေးနှင့် ဆေးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာနှင့်   ရိုးရာ အစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊   အမှတ်တရ လက် ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ကျန်းမာရေးအထောက်အကူပြု စက်ပစ္စည်းများ၊ အီလက်ထရော နစ်ပစ္စည်းများကို    တစ်နေရာ တည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင် သည့်အပြင်      ခေတ်မီကလေး ကစားကွင်းများပါဝင်ကာ အခမ်း အနားများပြုလုပ်နိုင်သည့် ခန်းမ လည်းပါဝင်ကြောင်း သိရသည်။ အဆိုပါပလာဇာအား    နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။               သတင်းစဉ်