မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၁
မြန်မာ့ဆန်စပါးညီလာခံ  -  ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍   ဆက်လက်အကောင် အထည်ဖော်        ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့်  လုပ်ငန်းစီမံ ချက်များနှင့်           ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို       ယနေ့ မွန်းလွဲ ၂ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး    ဝန်ကြီး ဌာန   အစည်းအဝေးခန်းမ (၂)  ၌ ကျင်းပသည်။ 
ဦးစွာ           ဒုတိယဝန်ကြီး ဦးညွန့်အောင်က       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး    ဝန်ကြီး ဌာနအနေဖြင့်  နိုင်ငံတော်ဝန်ကြီး ချုပ်၏   လမ်းညွှန်မှုများဖြစ်သည့်   မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ် တင်ပို့မှုကို  အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊  အရေအတွက် အားဖြင့် တိုးမြှင့်ထုတ်လုပ်တင်ပို့ နိုင်ရေးကို   ဆက်လက်အကောင် အထည်         ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် ပူးပေါင်းပြီး  “မြန်မာ့ဆန်စပါး ညီလာခံ - ၂၀၂၂ ” ကို  ၂၀၂၂  ခုနှစ် အောက်တိုဘာ ၆ ရက်မှ  ၇ ရက် အထိ   နေပြည်တော်   မြန်မာ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန  (၂)  ၌   ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။
ညီလာခံမှ ဖော်ထုတ်ချက်များ အရ ဆက်လက်ဆောင်ရွက်သွား သင့်သည့်    စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍအတွက်   ဖော်ထုတ်ချက် ၁၅ ချက်၊  ကြိတ်ခွဲထုတ်လုပ်မှု ကဏ္ဍအတွက်    ၁၀  ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့်  ကုန်သွယ်မှု ကဏ္ဍအတွက်  ၁၈ ချက်  စုစုပေါင်း ဖော်ထုတ်ချက်    ၄၃   ချက်နှင့် ပတ်သက်ပြီး   အကောင်အထည် ဖော်   ဆောင်ရွက်သွားရန်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို     ငါးနှစ်တာကာလအတွက် (မူကြမ်း)ရေးဆွဲပြုစုထားပြီး  ဖြစ် ပါကြောင်း၊  မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်တိုးမြှင့်     တင်ပို့နိုင်ရေး အတွက်       လုပ်ငန်းစီမံချက်ကို အားလုံးအတည်ပြုချက်     ရရှိပြီး သည့်အချိန်တွင်  သက်ဆိုင်သည့် ဌာနများ၊ အသင်းအဖွဲ့များအနေ ဖြင့် ဦးဆောင်ခြင်း၊  အထောက် အကူပြု ပူးပေါင်းဆောင်ရွက်ခြင်း များပြုလုပ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍        အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း       အကောင် အထည်ဖော်   ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်          တိုးမြှင့်နိုင်ရေးအတွက်  မြန်မာနိုင်ငံ၏    ဆန်စပါးသီးနှံ စျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း  တိုးတက်ရေးနှင့် စဉ်ဆက်မပြတ်    တည်ရှိစေရေး အတွက်လည်းကောင်း၊    အရည် အသွေးသတ်မှတ်ချက် နိုင်ငံတကာ အဆင့်ဝင်သည့်    ပို့ကုန်များကို ထုတ်လုပ်   တင်ပို့နိုင်ရေးအတွက် လည်းကောင်း၊  ဌာနဆိုင်ရာများ၊ စိုက်ပျိုး       ထုတ်လုပ်သူများနှင့် ကုန်သည်       လုပ်ငန်းရှင်များက ဟန်ချက်ညီညီ  ဖော်ဆောင်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက်    အစည်းအဝေး တက်ရောက်လာသူများက လုပ်ငန်း စီမံချက်    လျာထားမှုများအပေါ် ဝိုင်းဝန်းအကြံပြု  ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက   လိုအပ်သည် များကို    ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်