
ရန်ကုန် ဖေဖော်ဝါရီ ၁၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံ သုံးဗော်ယာ မ၊ ချရေယာဉ် (60M Multipurpose Buoy Handling Vessel) (“ဂန္ဓ”ရေယာဉ်) တစ်စင်း၊ မြေတူးမြေခံရေယာဉ် နှစ်စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) သုံးစင်း၊ စုစု ပေါင်း ရေယာဉ်ရှစ်စင်း လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ် ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံတံတား၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာ စကား ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်း များမှ ဌာနအကြီးအမှူးများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဆိပ်ကမ်းလုပ်ငန်း တိုးတက်ရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မြန်မာနိုင်ငံသည် စုစုပေါင်းရေမိုင် ၁,၂၆၀ မိုင် ရှည်လျားသည့် ပင်လယ် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ပထဝီအနေအထားအရ လူဦးရေ ထူထပ်သည့် အိမ်နီးချင်းနိုင်ငံများ နှင့် ကုန်းမြေချင်းထိစပ်နေသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်း ပို့ဆောင်ရေးကွန်ရက် နှင့် ကောင်းစွာချိတ်ဆက် ဆောင် ရွက်ပေးနိုင်သော ပင်လယ် ထွက်ပေါက် ပိုင်ဆိုင်ထားသည့် ကမ်းရိုးတန်းနိုင်ငံ (Rimland Country)၊ တစ်နည်းအားဖြင့် ပင်လယ်ရေကြောင်းပိုင်နက် နိုင်ငံ (Maritime State) တစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခန်းကဏ္ဍနှင့် တိုက်ရိုက် ချိတ်ဆက်မှုရှိနေပြီး နိုင်ငံ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာအရေးပါကြောင်း ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု နည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ် မှုသည် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး ၏ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင် နှုန်းရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD) က နှစ်စဉ်ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရ ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများ အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ရှိသည့်အနက် Normal Trade ၏ အဓိကဖြစ်သော ပင်လယ် ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော်၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ကို မြှင့်တင်နိုင်ပြီး နိုင်ငံ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည် တည်တံ့အောင် အထောက်အကူ ပြုနိုင်ရန် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ (Port Industry) ကို စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ နှစ်စဉ် တိုးတက်လာနေသည့် နိုင်ငံ၏ ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်ဝန်ဆောင်မှုများ ပေးနိုင် ရန်အတွက် ဆိပ်ကမ်းတံတားများ ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် ခြင်း၊ ရေလမ်းကြောင်းများကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင် ရေး စီမံဆောင်ရွက်ခြင်း၊ ကုန်ကိုင် တွယ်စက်ကိရိယာများနှင့် လုပ်ငန်း သုံးရေယာဉ်များ၊ စက်ကိရိယာများ ဖြည့်တင်းခြင်း၊ အဆင့်မြှင့်တင် ခြင်း၊ ကျွမ်းကျင်လူ့စွမ်းအား အရင်းအမြစ်များကို စုဆောင်း လေ့ကျင့် ပျိုးထောင်ပေးခြင်းနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု များကိုလည်း ကုန်သွယ်မှုပမာဏ တိုးတက်မှုနှင့် လိုက်လျောညီထွေ ထိရောက်အကျိုးရှိစွာ အသုံးချ ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ် ကြောင်း။
ရေယာဉ်အင်အားဖြည့်တင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်း လုပ်ငန်းများနှင့် ရေကြောင်းပြ လုပ်ငန်းများတွင် ပိုမိုကောင်းမွန် သည့် ဝန်ဆောင်မှုများပေးနိုင် စေရေးအတွက် ခေတ်မီရေယာဉ် အသစ် ရှစ်စင်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၇ သန်း အကုန်အကျခံကာ တည်ဆောက်၍ ရေယာဉ်အင်အား ဖြည့်တင်း ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတွင် Stakeholder များ ဖြစ်ကြသော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်း တံတားများက မိမိတို့၏ဝန်ဆောင် မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာ ကုန်သွယ်မှုအတွက် လိုအပ်ချက် စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ အဆင်သင့် ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာနှင့် စက်ကိရိယာများကို တပ်ဆင် အသုံးချခြင်း၊ ဒေသတွင်း ခေတ်မီ ဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းခြင်း(Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) အဆင့် မှသည် Smart Port အဆင့်သို့ တက်လှမ်းနိုင်စေရေး အတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့် အတူ အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြား ရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရေယာဉ်ရှစ်စင်း၏ အချက်အလက် များကို ရှင်းလင်းတင်ပြပြီး ရေယာဉ်ရှစ်စင်း တည်ဆောက်ခြင်း ဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသ၍ ပြည်ထောင်စုဝန်ကြီးထံ အခမ်း အနား အမှတ်တရလက်ဆောင် အဖြစ် “ဂန္ဓ”ရေယာဉ်၏ ပုံစံငယ် ကို ပေးအပ်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင် စတင်ဝင်ရောက်မည့် ရေယာဉ် ရှစ်စင်းတို့ကို “ဂန္ဓ”ရေယာဉ် Main Deck ပေါ်မှ တစ်ပြိုင်နက် ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးပြီး ရေယာဉ်များပေါ်သို့ လှည့်လည် ကြည့်ရှုကာ ဆိပ်ခံတံတားပေါ် ရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် စက်မှု အင်ဂျင်နီယာဌာန သိမ်ဖြူသင်္ဘော ကျင်း စုပေါင်းခန်းမသို့ နံနက် ၁၁နာရီတွင် ရောက်ရှိရာ ဦးဆောင် ညွှန်ကြားရေးမှူးက သိမ်ဖြူ သင်္ဘောကျင်း၏ သမိုင်းအကျဉ်း၊ သင်္ဘောလွန်းကျင်းများ၏ လက်ရှိ အခြေအနေ၊ ရေကြောင်းဗော်ယာ များနှင့် ကုန်ကိုင်တွယ်စက်ကိရိယာ များ ပြုပြင်ခြင်း၊ ဌာနပိုင်ရေယာဉ် များကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ တည်ဆောက်ပြုပြင် ထိန်းသိမ်း ပေးနိုင်မှုနှင့် ဌာနနှင့် နိုင်ငံတော် အတွက် ဝင်ငွေတိုးတက်ရှာဖွေပေး နိုင်ရေးအတွက် လွန်းကျင်းများ နှင့် အလုပ်ရုံများကို ပုဂ္ဂလိက နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဦးစွာတင်ပြ ပြီး အင်ဂျင်နီယာချုပ် (စက်မှု) က စက်မှုအင်ဂျင်နီယာ ဌာန လက်အောက်ရှိ သိမ်ဖြူသင်္ဘော ကျင်း၊ အံ့ကြီးသင်္ဘောကျင်းနှင့် စက်ဆန်း သင်္ဘောကျင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ ဝင်ငွေတိုးတက်ရရှိရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအားလုံး သည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြ သဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိ ရန်နှင့် ဝန်ထမ်းကျင့်ဝတ်ကို အလေးထားလိုက်နာကြရန်၊ ဌာန ၏ ရည်မှန်းချက် လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ရာ တွင် အပြည့်အဝ အောင်မြင်မှုရရှိ ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍ နှင့် အလေးထားပူးပေါင်းဆောင် ရွက်သွားရန်၊ သမားရိုးကျစီမံခန့်ခွဲမှု စနစ်မှ အီလက်ထရောနစ် စီမံ ခန့်ခွဲမှု e-Governance စနစ်ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက် ကြရန်၊ ဝန်ထမ်းများအားလုံး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် မြင့်မားနေစေရေးအတွက် စဉ်ဆက် မပြတ် လေ့ကျင့်နေရန်၊ လုပ်ငန်း သုံးစက်ကိရိယာများ လေလွင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လည်း စနစ်တကျ ကိုင်တွယ် ထိန်းသိမ်း အသုံးချရန်တို့အား မှာကြားပြီး သိမ်ဖြူသင်္ဘောကျင်း အတွင်းရှိ လွန်းကျင်းများနှင့် အလုပ်ရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
လိုအပ်ချက်များ မှာကြား
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြစ်တစ်ဖက် ကမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ ရောက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြား ရေးမှူးက ဒလသင်္ဘောကျင်း၏ သမိုင်းကြောင်းနှင့် လက်ရှိ ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကို မှာကြားပြီး ဒလသင်္ဘောကျင်း အတွင်းရှိ လွန်းကျင်းနှင့် လွန်းလမ်း များအခြေအနေ၊ သင်္ဘော တည်ဆောက်၊ ပြင်ဆင်နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်