
နေပြည်တော် ဧပြီ ၃
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း သီလဝါအထူး စီးပွားရေးဇုန်သို့ နှစ်ကြိမ် သွားရောက်၍ ရင်းနှီးတည်ဆောက်သူ၊ ရင်းနှီးမြှုပ်နှံသူ များနှင့် One Stop Service Center မှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် သီလဝါအထူးစီးပွားရေး ဇုန်၏လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်းများမှ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆက်စပ်လုပ်ကိုင် ရမည့်လုပ်ငန်းများကို ဌာနအလိုက် ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏ ဂုဏ် သတင်းကို ဆက်လက်ထိန်းထားရန်၊ စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ် များ ထပ်မံဝင်ရောက်လာရေး ကိစ္စရပ်များ ကိုလည်းကောင်း ရှင်းလင်းမှာကြားခဲ့ ကြောင်း၊၊
အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့မှ ဝန်ထမ်းများကိုလည်း တွေ့ဆုံခဲ့ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းများ ဆက်လက်အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန် အလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြ သည့် ဝန်ထမ်းများက လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်း အလိုက် ဆောင်ရွက်ပြီးစီးမှုများ ပြန်လည် သုံးသပ်ရေးနှင့် လိုအပ်သလို ပြင်ဆင် ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ လုပ်ငန်းအချို့သည် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) မှ ထုတ်ကုန်ပစ္စည်း များကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် ပိုမိုသုံးစွဲနေကြသည်ကိုတွေ့ရသဖြင့် မှတ်တမ်း တင်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နှစ်ဖက်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက် များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက် ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက် ရန်ဖြစ်ပါကြောင်းနှင့် ထားဝယ်အထူး စီးပွားရေးဇုန်နှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန်ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက သီလဝါအထူးစီးပွားရေးဇုန် ၏ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ကုမ္ပဏီများ နိုင်ငံခြားငွေနှင့် ပေးချေဆောင်ရွက်ရာ တွင် လက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုချက်ရရှိထားသည့် AD ဘဏ်များ တွင် ဝယ်ယူပြီး လွှဲပြောင်းမှုအခြေအနေ များနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ အပတ်စဉ် အမှာစာတင်ပြမှု အခြေအနေများကို လည်းကောင်း၊ သီလဝါဇုန်တွင် ဆောင်ရွက် လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ယခင်ကျင်းပခဲ့ သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၊ သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွား ရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ထို့နောက် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်း ရေးမှူးက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြု ချက် ရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်