မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်

 

 

ရန်ကုန် ဇန်နဝါရီ ၂

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ (ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက် ညတွင် ပွဲစဉ် (၇) ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် AURORA တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ဂျေမောင်မောင်၊ တူးတူး၊ အောင်အေးချစ်၊ ဟေမာနေဝင်း၊ ယုဇန၊ လိမ္မော်သီး နှင့် ချယ်ရီသင်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဇန်နဝါရီ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်