မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နေပြည်တော် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ဆက်လက်ကြည့်ရှုလေ့လာ

 

နေပြည်တော်   ဩဂုတ်  ၃၀ 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) နေပြည်တော်တွင် ယနေ့နံနက် ပိုင်းက ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ  ၂၉၄ ဦးတို့သည် ဒုတိယနေ့  ဒေသန္တရလေ့လာရေးအစီအစဉ်အဖြစ်  ဆက်လက်ကြည့်ရှု လေ့လာကြသည်။ 


ရှေးဦးစွာ Auditorium ခန်းမတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက နှုတ်ခွန်းဆက်ပြောကြားပြီး ဝန်ထမ်းများက “ MRTV နှင့် ကောင်းသောနေ့ ” ၊ “ ရှင်သန်နေမည် MRTV ”  တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ “ ပန်းတိုင်းပွင့်၍ မွှေးပါစေ ” ပညာရေးဆိုင်ရာ နှင့် “မိုခါမုန်တိုင်းအန္တရာယ် ရင်ဆိုင်ကျော်လွှားမှုနှင့် စုပေါင်းမှု၏ ရလဒ်” Video Clip များ ပြသခြင်းတို့ ဆောင်ရွက်သည်။


ထို့နောက်  လေ့လာရေးအဖွဲ့များသည်    မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ Audio Recording Studio တွင် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့၏ သီဆိုတီးခတ်လေ့ကျင့်မှု၊  ဖလင်၊ တိပ်နှင့်ဓာတ်ပြားများ ထိန်းသိမ်းထားရှိမှု၊ News Channel Studio နှင့် Farmers’ Channel Studio များတွင် သတင်းရိုက်ကူးနေမှုများကို  ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ဆက်လက်၍  လေ့လာရေးအဖွဲ့များသည်  မြန်မာ့အသံနှင့်ရုပ်မြင် သံကြား   စိန်ရတုပြတိုက်အတွင်း   ခင်းကျင်းပြသထားသည့်  ခေတ် အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်း များ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာ ပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့ သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့်  စုစုပေါင်း ပြခန်း  ၄၀  တွင်   ခင်းကျင်းပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး   မှတ်သားဖွယ်ရာ   အဖြေလွှာများ၌ ကျောင်းသား ကျောင်းသူများ၏ ဖြည့်စွက်မှုများအား စိစစ်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ 


နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(PO-18)တွင် ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိသော ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း မှ  ကျောင်းသား  ကျောင်းသူ ၅၃၉ ဦး၊  ဆရာ ဆရာမ  ၅၀  စုစုပေါင်း ၅၈၉ ဦးသည် အုပ်စုနှစ်စုခွဲ၍  ယမန်နေ့မှစပြီး  နှစ်ရက်ခွဲကာ  နေပြည် တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဒေသန္တရလေ့လာ ရေးအစီအစဉ်အဖြစ် လာရောက်၍  ရုပ်သံထုတ်လွှင့်မှုများကို လေ့လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

                                     

သတင်းစဉ်