မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပွဲများထွက်ပေါ်

 

ရန်ကုန်  စက်တင်ဘာ  ၃၀


၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များထွက်ပေါ်လာပြီဖြစ်ပြီး  မြန်မာအသင်းသည် ပါလက် စတိုင်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။


အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု(E) တွင်  တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယအသင်းတို့နှင့် ကျရောက်နေ  သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် တာ့ခ်မင် နစ္စတန်၊ ဟောင်ကောင်၊ တရုတ်၊ အုပ်စု (B)  တွင် အင်ဒိုနီးရှား၊  ဆော်ဒီအာရေဗျ၊  အာဖဂန်နစ္စတန်၊ မကာအို၊   
အုပ်စု  (C) တွင်  အီရန်၊  လက်ဘနွန်၊ ကာဂျစ္စတန်၊   မော်လ်ဒိုက်၊ အုပ်စု (D) တွင် ဗီယက်နမ်၊ တောင်ကိုရီး ယား၊ နီပေါ၊ မွန်ဂိုလီးယား၊ အုပ်စု (E) တွင် တာဂျစ် ကစ္စတန်၊ မြန်မာ၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ အုပ်စု (F) တွင် ဘာရိန်း၊ ကူဝိတ်၊ တီမော၊ အုပ်စု(G) တွင် ဥဇဘက် ကစ္စတန်၊ မလေးရှား၊ အီရတ်၊ ကမ္ဘောဒီးယား၊ အုပ်စု (H) တွင် ဂျပန်၊ တရုတ်(တိုင်ပေ)နှင့်  သြစတြေးလျ အသင်းတို့ ပါဝင်နေသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အောက်တိုဘာ ၇  ရက်တွင်  ပါလက်စတိုင်းအသင်း၊ အောက်တိုဘာ ၉ ရက်တွင် အိန္ဒိယအသင်း၊ အောက်တိုဘာ ၁၁ ရက်တွင်  တာဂျစ် ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရအသင်း များအနက် အကောင်းဆုံး ခုနစ်သင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။  မြန်မာ အသင်းပါဝင်သော အုပ်စု (E) ပွဲစဉ်များကို တာဂျစ် ကစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။


ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF