မြန်မာအသင်းယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၃ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ ကျင်းပမည့်ပုံစံ အတည်ပြု

 

ရန်ကုန်  နိုဝင်ဘာ   ၆


အာရှဘောလုံး    အဖွဲ့ချုပ်သည်   မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရထားသည့် ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကျင်းပ မည့်ပုံစံကို အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်သည်။အာရှဘောလုံးအဖွဲ့ချုပ်သည်    အာရှဖလား တတိယအဆင့်      ခြေစစ်ပွဲကို ကိုဗစ်-၁၉   ကပ်ရောဂါ အခြေ အနေကြောင့်   ကျင်းပမည့်ပုံစံ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

 


အာရှဘောလုံးအဖွဲ့ချုပ်သည် ယခင်က အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာအထိ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါ  အခြေအနေကြောင့် အုပ်စုတစ်ခုကို  အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကာ တစ်ကျော့စနစ်ဖြင့် တစ်ပတ်အတွင်း အပြီးကျင်းပရန် ပြောင်းလဲဆုံးဖြတ်ခဲ့ခြင်း   ဖြစ် သည်။  တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို  ၂၀၂၂  ခုနှစ် ဇွန်  ၈  ရက်မှ ၁၄ ရက်အတွင်း အပြီးကျင်းပသွားမည်ဖြစ်သည်။ တတိယအဆင့်   ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း    ၂၄   သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး   လေးသင်း ခြောက်အုပ်စုခွဲကာ  ပြုလုပ်သွား မည်ဖြစ်သည်။    တတိယအဆင့် ခြေစစ်ပွဲတွင်    မြန်မာအသင်း အပါအဝင်  ဥဇဘက်ကစ္စတန်၊ ဂျော်ဒန်၊ ဘာရိန်း၊ ကာဂျစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ တာဂျစ် ကစ္စတန်၊   ထိုင်း၊  ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကူဝိတ်၊ ဟောင် ကောင်၊ ယီမင်၊ အာဖဂန်နစ္စတန်၊ မလေးရှား၊ မော်လ်ဒိုက်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ ခြေစစ်ပွဲကျင်းပ မည့်ပုံစံအရ   အုပ်စုတစ်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယ နေရာရ       အသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၁ သင်းမှာ ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။ နောက်ဆုံးအဆင့် တွင် အသင်းပေါင်း   ၂၄  သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး   အိမ်ရှင် တရုတ်အသင်း အပါအဝင်  ၁၃ သင်းမှာ ဝင်ခွင့်ရထားပြီးဖြစ်သော ကြောင့် ၁၁ သင်းသာ ထွက်ပေါ်ရန် ကျန်ရှိတော့ခြင်း     ဖြစ်သည်။ ဒုတိယအဆင့်    ခြေစစ်ပွဲအပြီး တွင်  တတိယအဆင့်ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရန်  မလိုဘဲ နောက်ဆုံးအဆင့် တိုက်ရိုက်ယှဉ် ပြိုင်ခွင့်ရသည့်   အသင်းများမှာ အိမ်ရှင်တရုတ်အသင်းအပါအဝင် ကာတာ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ဗီယက်နမ်၊ ဆီးရီး ယား၊ သြစတြေးလျ၊ ယူအေအီး၊ အိုမန်အသင်းတို့ဖြစ်သည်။

 


တတိယအဆင့်    ခြေစစ်ပွဲ အတွက် အုပ်စုမဲခွဲပွဲကို      ၂၀၂၂  ခုနှစ်  နှစ်ဆန်းပိုင်းတွင်   ပြုလုပ်  ရန်   စီစဉ်ထားကြောင်း    သိရ သည်။

ရဲရင့်လွင်