မြန်မာအသင်း မကာအိုကို သရေကစားပြီး ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်

 

ရန်ကုန်  အောက်တိုဘာ  ၁၇


၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် မကာအိုအသင်းနှင့် မြန်မာအသင်းတို့ အောက်တိုဘာ ၁၇ ရက်က မကာအို၌ ယှဉ်ပြိုင် ကစားရာ  ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် အဝေးကွင်းတွင် သရေသာကစားနိုင်သော်လည်း ပထမအကျော့တွင် ဂိုးပြတ်အနိုင်ရထားသဖြင့် ဒုတိယ အဆင့်ခြေစစ်ပွဲ တက်ရောက်နိုင်ခဲ့သည်။ 
မကာအိုအသင်းသည်   အိမ် ကွင်း၌ ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း   သရေသာ ကစားနိုင်ခဲ့သည်။


မြန်မာအသင်းသည်  ဆန်း ဆက်နိုင် (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်း သူ၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်း စိုး၊ နေမိုးနိုင်၊ ကျော်မင်းဦး၊ လွင်မိုး အောင်၊ မောင်မောင်လွင်၊ အောင်သူ နှင့် ဝင်းနိုင်ထွန်းတို့ ပါဝင်ကစားခဲ့ သည်။ ပထမအကျော့တွင် ဂိုးပြတ် အနိုင်ရထားသည့် မြန်မာအသင်း သည်      တိုက်စစ်ကစားသော် လည်း   ဂိုးပြန်မပေးရရန်လည်း  ခံစစ်ကို စနစ်တကျကစားခဲ့သည်။


မကာအိုအသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း ထူးထူးခြားခြား လုပ်မပြနိုင်ဘဲ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်း တွင် မြန်မာအသင်းက ကစားသမားများပြောင်းလဲကာ တိုက်စစ်မြှင့် ခဲ့သည်။ မြန်မာအသင်းအနေဖြင့် ဂိုးရနိုင်သည့်အခွင့်အရေးများရသော် လည်း အသုံးမချနိုင်သဖြင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။


မြန်မာအသင်းသည် မကာအိုအသင်းကို ပထမအကျော့ အိမ်ကွင်းပွဲ တွင်  ငါးဂိုး-တစ်ဂိုးဖြင့်   အနိုင်ရထားသဖြင့်   နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့် အုပ်စု(B) တွင် ကျရောက်မည်ဖြစ် သည်။


ရဲရင့်လွင်