မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော်   ဇူလိုင်   ၃


၂၀၂၁    ခုနှစ်    မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာန     အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြ သည့်    ဒေါ်အေးနုစိန်၊     Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊      ပြည်ထောင်စု တရားလွှတ်တော်ချုပ်    တရားသူကြီး ဒေါ်ခင်မေရီ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ    ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သည့်    


ဒေါက်တာမာလာအောင်နှင့်    ဒေါ်နန်းစန္ဒာစမ်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း နှင့်    ဦးအောင်ထွန်းခိုင်၊   ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်   ဒေါ်ခင်မျိုးမြင့်၊    ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့်   အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဇနီး၊ တပ်မတော် ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု  ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၏ ဇနီး များ၊  နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့်  တာဝန်ရှိသူများက   အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။


အဖွင့်အမှာစကား


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က video message ဖြင့် အဖွင့်အမှာစကားပြောကြားသည်။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားကို စာမျက်နှာ-၃ တွင် ဖော်ပြထားပါသည်။)


ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ  အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊      နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဆင့် ကတိကဝတ်ပြုမှုများ၊ အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပဆောင်ရွက်နေ မှု၊ လုပ်ငန်းယန္တရားဖွဲ့စည်းဆောင်ရွက်မှု၊ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) ဆောင် ရွက်မှု၊  ပဋိပက္ခအတွင်း  လိင်ပိုင်းဆိုင်ရာ  အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာဆောင်ရွက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်နေမှု၊  အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်း မှုများနှင့်ပတ်သက်၍ Helpline Service  ဖွင့်လှစ် ဆောင်ရွက်ထားမှု၊ ကျား/မရေးရာ အခြေပြုအကြမ်း ဖက်ဖြစ်ရပ်များအား     တုံ့ပြန်ဆောင်ရွက်နေမှု၊ အကြမ်းဖက်ခံရသူများအား ငွေကြေးထောက်ပံ့ပေးမှု အခြေအနေ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ အား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သော စင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်နေမှု၊   နေပြည်တော် ကောင်စီ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်တွင်းမှုသင်တန်းများ   ဖွင့်လှစ်သင်ကြားနေမှု အခြေအနေ၊   အမျိုးသမီးများအား   နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုအခြေအနေ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၏ ပန်းတိုင်-၅ (SDG-Goal 5) အကောင်အထည်ဖော်မှု၊    အာဆီယံအမျိုးသမီး ကော်မတီ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ယင်းနောက်  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များအား Video Clip ဖြင့်ပြသသည်။


ဆုများပေးအပ်ချီးမြှင့်


ထို့နောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများ အား  ဆုများပေးအပ်ချီးမြှင့်ရာ  ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ၂၀၂၀ ပြည့်နှစ် ထူးချွန်အမျိုးသမီးအရာရှိဆုရရှိသူ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)မှ    အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်ဧပရယ်ချို(ရေ-၅၆၁၂)ကို     လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ၂၀၂၀ ပြည့်နှစ် ထူးချွန်အမျိုးသမီးရဲမေဆုရ ဒုတိယရဲမှူးကြီး ဝင်းနီလာကိုလည်းကောင်း၊     ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ထူးချွန်ကြက်ခြေနီ အမျိုးသမီးဆုရရှိသူ ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်စမ်းစမ်းမော်တို့ကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် အခမ်းအနားတက်ရောက်လာကြ သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်