
နေပြည်တော် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နေ အဲလေနှင့် နန်းမွေ ကျောက်တို့က တာချီလိတ်မြို့နယ်နေ မ----၊ ၂၈/၂၃ နှစ် အား တရုတ်ဇနီးမယား ပြုလုပ်ပါက ငွေကြေး အမြောက်အမြားရရှိမည်ဟု လိမ်လည် စည်းရုံးပြောဆို ခေါ်ဆောင်ကာ တရုတ်နိုင်ငံဘက်သို့ ယွမ်သုံးသောင်းဖြင့် ပို့ဆောင်ရောင်းစားခဲ့သဖြင့် တာလေမြို့မရဲစခန်း (ပ) ၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှု ရေးဖွင့်၍ တာချီလိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်တွင် တရားခံ အဲလေနှင့် နန်းမွေကျောက်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်