
နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင် သည့်ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦး၊ မြန်မာအမျိုးသား လေကြောင်းမှ ဒါရိုက်တာ ဒေါ်စုစုမြတ်၊ ဒါရိုက်တာ ဦးမြင့်အောင်နှင့် ဌာနမှူး ဦးလှဌေးအောင်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာအမျိုးသားလေကြောင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း ၍ အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်