
ရန်ကုန် ဇန်န၀ါရီ ၂၄
မြန်မာအမျိူးသားလေကြောင်းလိုင်းမှ Boeing 737-800 Freighter လေယာဥ်အား ကြိုဆိုသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
လေယာဥ်အမှတ် 9M-WCA၊ Cargo လေယာဥ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာ၀န်ရှိသူများ ကြိုဆိုပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါလေယာဉ်ကို မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များတွင် အသုံးပြုပျံသန်း ပြေးဆွဲသွားမည်ဖြစ်ပြီး တန်ချိန်အားဖြင့် ၂၂ တန်ခန့် သယ်ဆောင်နိုင် မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ် ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ Boeing 737-800 Freighter လေယာဉ်အမှတ် 9M-WCA သည် ရန်ကုန်မြို့မှ အခြေပြု၍ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင် သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင်ပျံသန်းပို့ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သတင်းစဉ်