
ရန်ကုန် နိုဝင်ဘာ ၂၄
မြန်မာ့အလင်းသတင်းစာ မြို့နယ် သတင်းထောက်များ လူမှုကူညီ ရေးအဖွဲ့၏ ပဉ္စမအကြိမ်မြောက် အသက်(၇၅)နှစ်အထက် အဖွဲ့ ဝင် သတင်းထောက်ကြီးများအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ် လည် အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရား သန္တိသုခဓမ္မာရုံ ၌ကျင်းပမည်ဖြစ်သည်။
အဆိုပါ သက်ကြီးပူဇော် ကန်တော့ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေးသို့ ကန်တော့ခံများ နှင့် အဖွဲ့ဝင်များအနေဖြင့် ဖိတ်စာရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ(မပျက်မကွက်)ကြွရောက် ကြပါရန်နှင့် နှစ်စဉ်ကြေးများ ပေးသွင်းကြရန် အမှုဆောင်အဖွဲ့ က ဖိတ်ကြားနှိုးဆော်ထား ကြောင်း သိရသည်။
အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉-၂၅၀၂၆၆၆၀၉၊ ၀၉-၇၇၇၆၄၂၆၉၉ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)