မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ပျဉ်းမနားမြို့နယ်၌ ဒုတိယနေ့ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၈


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်က   မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းများကို  ယနေ့တွင်   ဒုတိယ နေ့အဖြစ် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။


ရှေးဦးစွာ         ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ        ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့်   တာဝန်ရှိသူ များက  ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်          ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြရာ မဲပေးစက်၏      ထိန်းချုပ်စက် (Control  Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင်  ကိုင်တွယ်ဆောင်ရွက် ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို    တိုက်ဆိုင် စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ် ခြင်းတို့ကို စနစ်တကျဆောင်ရွက် ကြသည်။


ထိုသို့      ဆောင်ရွက်ရာတွင် စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင် များအနေဖြင့်  အချိန်တိုအတွင်း မဲပေးစက်ကို   နည်းစနစ်တကျ ကိုင်တွယ်   ဆောင်ရွက်နိုင်ခဲ့ကာ မဲပေးရာတွင်လည်း   လွယ်ကူ ရှင်းလင်းစွာ         မဲပေးနိုင်ခြင်း၊ မဲရလဒ်များသည်လည်း မှန်ကန် တိကျမှုရှိခြင်း၊ ပယ်မဲ မရှိတော့ ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု   ရှိခြင်းတို့ကို လက်တွေ့သိရှိခဲ့ရသည့်အတွက် မဲပေးစက်အပေါ်          ယုံကြည် သဘောကျ နှစ်ခြိုက်မှုရှိစွာဖြင့် မဲပေးဆောင်ရွက်ကြသည်။


အခမ်းအနားများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊         မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်        ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ ရန်အောင်(၂)ရပ်ကွက်၊    ရွှေချီ ရပ်ကွက်၊ ကျီးအင်းကျေးရွာအုပ်စု၊ သကြားစက်ကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာအုပ်စုနှင့်          ကျွန်းဦး ကျေးရွာအုပ်စုတို့မှ   အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။


  သတင်းစဉ်