မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၅ ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၁


စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့၏     အကြိမ်(၃၀)မြောက် (ပုံမှန်)အစည်းအဝေး    (၂/၂၀၂၂) ကို   ယနေ့နံနက်   ၉  နာရီတွင် စီမံကိန်းနှင့်        ဘဏ္ဍာရေးဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌     ကျင်းပသည်။ 

 


အစည်းအဝေးသို့    အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး    ဦးမောင် မောင်ဝင်း၊     အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော    ဥပဒေရေးရာဝန်ကြီးဌာန နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်း   အခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံတော်     ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှု   ဦးစီးဌာနတို့ မှ   ညွှန်ကြားရေးမှူးချုပ်များနှင့်  အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၏   အတွင်းရေးမှူး၊   ငွေရေး ကြေးရေး   ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ    တက်ရောက် ခဲ့ကြသည်။ 

 


အစည်းအဝေးတွင်   အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ က  အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ယခင် အစည်းအဝေး (၂၉)ကြိမ်မြောက် (၁/၂၀၂၂ ) ၏ ဆောင်ရွက်ပြီးစီးမှုကို တင်ပြသည်။

 


ဆက်လက်၍ လိုင်စင်ရအာမခံ ကုမ္ပဏီများဖြစ်သည့်  CB  Life Insurance Co., Ltd. က ဆေးရုံ တက်ခြင်းနှင့်   ခွဲစိတ်ကုသခြင်း အတွက်      ထပ်ဆောင်းအကာ အကွယ် အာမခံအမျိုးအစားသစ် လုပ်ကိုင်ခွင့်ပြုရန်၊    KBZ   MS General Insurance Co.,Ltd က အသေးစား   ကျန်းမာရေးအာမခံ အမျိုးအစားသစ်   လုပ်ကိုင်ခွင့်ပြု ရန်၊ Prudential Myanmar Life Insurance Limited က Step-up Wrapper Campaign ပြုလုပ်ခွင့် ရရှိရန်နှင့် First National Insurance General Co., Ltd. က FNI Marketing   Counter  ဖွင့်လှစ် ခွင့်ပြုရေး    တင်ပြခဲ့ကြသည်။ ထို့နောက်    ပြည်တွင်းအာမခံ ကုမ္ပဏီ လုပ်ငန်းလိုင်စင်ထုတ်ပေး ရေးလုပ်ငန်းစဉ်    ဆက်လက် ဆောင်ရွက်ခွင့်ပြုရန်ကိစ္စ၊ အာမခံ လက်ခံခြင်းနှင့် မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းကိစ္စ၊     ကော်ပိုရိတ် အာမခံကိုယ်စားလှယ်   လျှောက် ထားခြင်းကို  လိုင်စင်ထုတ်ပေးနိုင် ရေးကိစ္စ၊   အာမခံကိုယ်စားလှယ် သင်တန်းကျောင်း   ဖွင့်လှစ်ခွင့် တင်ပြခြင်းကိစ္စနှင့် မှတ်တမ်းတင် ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

 


ယခုအခါ     မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် ရာနှုန်း ပြည့်  နိုင်ငံခြားသားပိုင်  အသက် အာမခံကုမ္ပဏီ   ငါးခု၊  ဖက်စပ် အသက်အာမခံကုမ္ပဏီ   သုံးခု၊ နိုင်ငံသားပိုင်    အသက်အာမခံ ကုမ္ပဏီ ရှစ်ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ငါးခု နှင့်        မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ  ၂၅ ခုမှ အာမခံဝန်ဆောင်မှုများ   ဆောင် ရွက်ပေးလျက်ရှိပြီး    လက်ရှိတွင် ပုဂ္ဂလိကအာမခံ   ကုမ္ပဏီများမှ အာမခံအမျိုးအစား   ၃၉   မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။              

 သတင်းစဉ်