မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းစည်းဝေး

 

နေပြည်တော်     ဧပြီ    ၂


မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေး   ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ    ဒေါ်သန်းသန်းဆွေက    ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး     လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး   လုပ်ငန်းစဉ်များ ဆိုင်ရာ လမ်းညွှန်ချက်၊ Designated Banks ခွင့်ပြုမှု အခြေအနေ၊          လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ယွမ်/ကျပ်စာရင်းဖွင့်လှစ်မှုအခြေအနေ၊ ဘဏ်လမ်းကြောင်းအား   မဖြစ်မနေသုံးစွဲရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများ၊ ED ပို့ကုန် ရငွေအတွက် ကုန်သည်များ၏တင်ပြချက်များနှင့် ကုန်သည်များ၏ တင်ပြချက်အရ ညှိနှိုင်းဆောင်ရွက် ရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး    ဗိုလ်မှူးချုပ်    ရန်နောင်စိုးက    ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေနိုင်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများကို   မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည့် အခြေ အနေ၊ ပြည်ပပို့ကုန်တင်ပို့မှု အခြေအနေနှင့် ယွမ်/ကျပ်   တိုက်ရိုက်အသုံးပြုပေးချေစနစ်  အသုံးပြု၍ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်   Bank  of  China  Hong  Kong Limited,   Yangon  Branch ၊   Industrial   and Commercial Bank of China Limited, Yangon Branch တို့က စမ်းသပ်ကာလအတွင်းတွေ့ကြုံရသည့် အခက်အခဲများတင်ပြကြပြီး    ယွမ်/ကျပ်အတွက် ထပ်မံခွင့်ပြုချက်ရရှိသော CB Bank PCL ၊ ဧရာဝတီ ဘဏ်၊   ယူအေဘီဘဏ်၊   မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်လေးဘဏ်နှင့်            မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊  ပြည်တွင်းအခွန်များဦးစီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းနှင့် ကွမ်းလုံ- ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သွယ် ရေး ကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များ   ဆောင်ရွက်ရာတွင်   ယွမ်/ကျပ်   တိုက်ရိုက် အသုံးပြုပေးချေသုံးစွဲနိုင်ရေး    အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ   တွဲဖက်အတွင်းရေးမှူး    ဗိုလ်မှူးချုပ် ရန်နောင်စိုးက ဖြည့်စွက်ဆွေးနွေးသည်။

 


ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်      တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု၍ ဘဏ်လမ်းကြောင်းအသုံးပြု ငွေပေးချေနိုင်ရန်ခွင့်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်ရဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်၊ ICBC,Yangon Branch နှင့် BOC ,Yangon Branch တို့ကိုခွင့်ပြုပေးခဲ့သည်။ 

 


ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု၍ ငွေပေးချေမှုများ ဆောင်ရွက်ခွင့်ပြုရာ၌   မြန်မာ-တရုတ်   နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေရန်၊ နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုစနစ်များ လွယ်ကူချောမွေ့စေရန်၊  အမေရိကန် ဒေါ်လာအပေါ်   မှီခိုမှုလျှော့ချပြီး   ဈေးကစားမှုကို တားဆီးနိုင်ရန်၊ နှစ်နိုင်ငံကုန်သွယ်မှု စာရင်းအချက် အလက်များရရှိစေခြင်းဖြင့်     စီးပွားရေးဆိုင်ရာ စီမံချက်များ  ချမှတ်နိုင်စေရန်နှင့်  ပြည်တွင်းသုံး ငွေကြေးများ သုံးစွဲမှုကို တိုးမြှင့်ဆောင်ရွက်စေရန် ဖြစ်သည်။

 


တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး မြေပြင် အကောင်အထည်ဖော် ဆောင်ရွက်မှုအခက်အခဲများ ကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး     ဗဟိုကော်မတီက    ဦးဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး    ကုန်သည်ကြီးများအသင်း၊ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၊ ကုန်သွယ် ရေးဦးစီးဌာန၊         အကောက်ခွန်ဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ 

 


တရုတ်-မြန်မာနယ်စပ်တွင်     ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု  တိုက်ရိုက်ပေးချေမှု ဆောင်ရွက်ရာတွင် ကုန်သည်များ လျင်မြန်အဆင် ပြေစွာ အသုံးပြုနိုင်မှု ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်စေ ရန် ခွင့်ပြုချက်ရဘဏ် (Designated Bank) များ အဖြစ် ပုဂ္ဂလိကဘဏ်များကို ထပ်မံတိုးချဲ့ခွင့်ပြုခြင်း ဖြစ်သည်။ ပုဂ္ဂလိကဘဏ်များကို   ခွင့်ပြုရာတွင် တရုတ်-မြန်မာ     နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့်     နိုင်ငံခြားသုံးငွေ    ရောင်းဝယ် ဖောက်ကားခွင့်   လိုင်စင်ရပုဂ္ဂလိကဘဏ်များကို ခွင့်ပြုခြင်းဖြစ်ပြီး CB Bank PCL ၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ဖြစ် ကြောင်း သိရသည်။

 


ယွမ်/ကျပ် တိုက်ရိုက်ငွေပေးချေမှုဆောင်ရွက် ရာတွင်   မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိက ဘဏ်များကို အားဖြည့်ခွင့်ပြုပေးခြင်းဖြင့် ကုန်သည် များအနေဖြင့် ရွေးချယ်ဆောင်ရွက်စရာ ဘဏ်များ ရှိလာပြီး လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်ချောမွေ့ လာမည်ဖြစ်သည်။                              

သတင်းစဉ်