မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး  ဖောင်ဒေးရှင်းတို့က ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်း 

 

 

ရန်ကုန်   ဧပြီ   ၁၈
မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development)တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။ 
လှူဒါန်းပွဲသို့   ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊   တိုင်းဒေသကြီး     ဝန်ကြီးများ၊ မြန်မာ-တရုတ်   ပူးပေါင်းကူညီ ဆက်ဆံရေးဗဟိုအသင်းမှ တာဝန် ရှိသူများ၊ တရုတ်နိုင်ငံ ငြိမ်းချမ်း ရေးနှင့်      ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ  တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား  ပြောကြားရာ တွင်   ၂၀၁၃ ခုနှစ်မှစ၍   ယနေ့ အထိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် လူထုအခြေပြုဗဟို ဌာန(Community Centre) ၁၈ခု ဖွင့်လှစ်ထားရှိပြီး အစည်းအဝေး ခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံး ခန်းမ၊  ကွန်ပျူတာခန်း၊  ပြည်သူ့ စာကြည့်တိုက်၊ ကလေးစာဖတ် ခန်း၊     ပြတိုက်ငယ်၊    အားကစား လေ့ကျင့်ရေးခန်းမတို့ ပါဝင်ကာ  ပြည်သူများ အသက်အရွယ် မရွေး၊ အဆင့်အတန်းမရွေး     အခမဲ့ အသုံးပြုနိုင်ရန်  ဆောင်ရွက်ပေး ထားပါကြောင်း၊   ဖွင့်လှစ်ပြီးဖြစ် သည့်     လူထုအခြေပြုဗဟိုဌာန ၁၈ ခု အပါအဝင် ခရိုင်၊ မြို့နယ်၊ မြို့ရုံးအားလုံးတွင်   ပြပွဲ၊  ပြိုင်ပွဲ များ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ များ၊ ဟောပြောပွဲများ၊ သင်တန်း များ  အခမဲ့ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊   ထို့ပြင် စာကြည့်တိုက်  လှုပ်ရှားမှုများ၊ ပြတိုက်ငယ် ပြင်ဆင်ထားရှိခြင်း များ၊ ကလေးစာဖတ်ခန်း လှုပ်ရှား မှုများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။   
ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများ တွင်  ဖွင့်လှစ်ထားရှိသော ပြည်သူ့ စာကြည့်တိုက်များတွင်    သမား ရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက် ရှိသော     စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက် ရေးဆွဲခြင်း၊ ငှားရမ်းခြင်းလုပ်ငန်း များကို ပြောင်းလဲတိုးတက်လာ သည့်    နည်းပညာများနှင့်အညီ Digital Library စနစ် အဆင့်မြှင့် တင် ဆောင်ရွက်နိုင်ရေးအတွက် e-Library       Management System  Software  ကို  ရေးဆွဲ ဆောင်ရွက်ပြီး    ဖြစ်ပါကြောင်း၊ ဌာနက ထုတ်ပေးမည့် ကွန်ပျူတာ များနှင့် ယခုလှူဒါန်း လက်ခံရရှိ သည့် ကွန်ပျူတာများဖြင့် Digital Library  စနစ်   ဆောင်ရွက်မည့် ရုံးများရှိ  စာကြည့်တိုက်မှူးများ အား e-Library Management System Software အသုံးပြုနည်း သင်တန်း    ပို့ချပေးနိုင်ရေးကို ဆောင်ရွက်သွားမည်      ဖြစ်ပါ ကြောင်း၊   Web Browser   တွင် www.publiclibrary.gov.mm Domain အမည်အား ရရှိထားပြီး ဖြစ်သည့်အပြင် Web Hosting Service ကိုလည်း  ရယူထားပြီး ဖြစ်သည့်အတွက်   ၂၀၂၂  ခုနှစ် မေလမှ စတင်၍ စာကြည့်တိုက် လုပ်ငန်းများကို Digital Library စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ကွန်ပျူတာနှင့် ပရင်တာများ  လှူဒါန်းပေးခြင်း သည်   ဌာနအနေဖြင့်   Digital Library  စနစ်သို့  ပြောင်းလဲရေး အစီအစဉ် ဆောင်ရွက်နေခြင်းကို များစွာ အထောက်အကူပြုသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားသည်။
ထို့နောက်  မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး   ဗဟို အသင်း ဥက္ကဋ္ဌ  ဒေါ်ခင်ခင်လေးက လှူဒါန်းရခြင်းနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်    တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေအတွင်း ရေးမှူး  မစ္စတာ ရွှီးကျန့်ဂေါ်က Video Confrence ဖြင့်  အမှာ စကားပြောကြားသည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးထံ     မြန်မာ - တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟို အသင်းမှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဦးသစ္စာနှင့်       တာဝန်ရှိသူများ က    ပြည်သူ့စာကြည့်တိုက်များ အတွက် ကွန်ပျူတာနှင့် ကာလာ ပရင်တာ  ၃၅ စုံကို   ပေးအပ် လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး က   ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက်  ပြန်ကြားရေး နှင့်    ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား   ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည်     လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ကွန်ပျူတာခန်း၊ စားပွဲ တင်  တင်းနစ်  အားကစားကွင်း၊ စာကြည့်တိုက်၊ ကလေးစာဖတ် ခန်း၊ အားကစားခန်းမနှင့် ပြတိုက် ငယ်တို့ကို  လှည့်လည်ကြည့်ရှုခဲ့ ကြသည်။                  သတင်းစဉ်