မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ငွေပေးချေရာတွင် ဒေါ်လာအပြင် ယွမ်ဖြင့်ပါ ခွင့်ပြု

 

မူဆယ် ဇန်နဝါရီ   ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ (၁၀၅) မိုင်   ကုန်သွယ်ရေးဇုန်တွင်    မြန်မာ-တရုတ်   နယ်စပ် ကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ဒေါ်လာ ငွေကြေးအပြင်  ယွမ်ငွေကြေးဖြင့်လည်း ခွင့်ပြုပေး ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး      ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ      နယ်စပ်ကုန်သွယ်မှုများအတွက် ငွေပေးချေရာတွင်   ဒေသထွက်   အသီးအနှံများ ဖြစ်ကြသော ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆန် စသည် တို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် လည်း  ဆောင်ရွက်ခွင့်ပြုပေးထားပြီး  လယ်ယာ ထွက်ပစ္စည်းများဖြစ်ကြသော  ဆန်၊ ဆန်ကွဲ အစ ရှိသည့် အခြားလယ်ယာထွက်ကုန်များနှင့် ရေထွက် ပစ္စည်းများဖြစ်ကြသည့်  ကဏန်း၊  ငါးရှဉ့်တို့ကို     ယွမ်ငွေကြေးဖြင့်သာ    ခွင့်ပြုဆောင်ရွက်လျက်ရှိ သည်။     ထို့အပြင်      ကုန်သွယ်ရေးစခန်းများ တွင်   ပို့ကုန်သွင်းကုန်လိုင်စင်များကို  ကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သည့်အပြင် Tradenet 2.0 System တွင် Online မှလည်း လျှောက်ထား နိုင်သည်။ 
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် သွင်းကုန် လိုင်စင် ၁၇ စောင်၊ ယွမ် ၂ ဒသမ ၅၂၄ သန်း တန်ဖိုး ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြု ထုတ်ပေးခဲ့သည့်အပြင် ဇန်နဝါရီ ၁ ရက်မှ ၁၇ ရက် အထိ သွင်းကုန်လိုင်စင် ၄၁၅ စောင် ခွင့်ပြုထုတ်ပေး ခဲ့ကြောင်း သိရသည်။  ထို့အပြင် ဇန်နဝါရီ ၁ ရက်မှ ၁၇ ရက်အထိ     ပို့ကုန်ယာဉ်စီးရေ   ၃၇၁၄  စီး၊   သွင်းကုန်ယာဉ်စီးရေ    ၁၄၂၂  စီး    ကုန်သွယ်မှု    ဆောင်ရွက်နိုင်ခဲ့ပြီး    တရုတ်နိုင်ငံနှင့်    အာဆီယံ နိုင်ငံများအကြား   ထုတ်ပေးသော  ပင်ရင်းနိုင်ငံ   သက်သေခံလက်မှတ်(Form E) ထုတ်ပေးမှုတွင် ၆၀၅ စောင်ရှိကြောင်း သိရသည်။
ယင်းအပြင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ   ၂၀၂၃ ခုနှစ်   ဇန်နဝါလပိုင်းတွင်   ကဏန်း၊ နှမ်း၊  ဖရဲသီး၊ ဆန်၊ ဆန်ကွဲ၊ ငါးရှဉ့်နှင့် ကြံတို့သည်  အဓိကအများဆုံးပို့ကုန်ပစ္စည်းဖြစ်ပြီး     တရုတ် ပြည်မဘက်မှ    ယာဉ်နှင့်    ယာဉ်ယန္တရားများ၊ တယ်လီဖုန်းနှင့်     ဆက်သွယ်ရေးပစ္စည်းများ၊ ပန်းသီး၊  လိမ္မော်သီး၊   မီးဖိုချောင်သုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်    အပိုပစ္စည်းများ၊  ပလတ် စတစ် ကုန်ကြမ်းပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်     အခြားလူသုံးကုန်ပစ္စည်းများ    စသည့်သွင်းကုန် ပစ္စည်းများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)