
နေပြည်တော် မတ် ၃၀
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် တရုတ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အာရှ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် Mr. Yang Weiqun တို့ ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်း အဖွဲ့၏ ဒုတိယအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တွင် Virtual စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေး၊ ကုန်စည်ရှင်းလင်းရေး၊ အကောက်ခွန် ပူးပေါင်းဆောင် ရွက်ရေး၊ မြန်မာ့လယ်ယာ ထွက်ကုန်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ဆောင်ရွက်လျက်ရှိသည့် SPS ဆိုင်ရာ သဘောတူစာချုပ် များ လက်မှတ်ရေးထိုးနိုင်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက် မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေး ကြသည်။
ထို့အပြင် ကပ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း များ၊ နယ်စပ်ဒေသများတွင် ဘိန်းအစားထိုးသီးနှံနှင့် ပတ်သက် ၍ နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ကုန်စည် ပြပွဲများတွင် ပါဝင်ကျင်းပနိုင်ရေး နှင့် Transit Trade ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘက်မှ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ပေကျင်း၊ ကူမင်း၊ နန်နင်းမြို့တို့ရှိ မြန်မာ စီးပွားရေးသံမှူးများ ပါဝင်သော ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ ဘက်မှ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အာရှရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Yang Weiqun နှင့် တရုတ် နိုင်ငံ GACC ဌာန ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနနှင့် ရန်ကုန်မြို့ ရှိ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေး သံမှူး Mr. Tan Shufu နှင့် ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်