မြန်မာ - တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး

 

နေပြည်တော်  ဇန်နဝါရီ  ၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာန      ဒုတိယ ဝန်ကြီး  မစ္စတာ  စွန်းဝေတုန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲ ကို   ဇန်နဝါရီ  ၅ ရက် ညနေ ၄ နာရီခွဲက   နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌  ကျင်းပသည်။ 


အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲ တွင်       မြန်မာ-တရုတ်   နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို  ပိုမိုခိုင်မာလာစေ ရေး၊   မြန်မာ-တရုတ်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု  စီမံကိန်း များကို    ဆက်လက်အကောင် အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့်     ရပ်ဝန်းနှင့် ပိုးလမ်းမအောက်မှ  စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားရေး၊  နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံနှင့် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာ    ယန္တရားမူဘောင် အောက်တို့မှ ပူးပေါင်းဆောင်ရွက် မှုများ    ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ    အပြန်အလှန်ထောက်ခံ ရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။


နေ့လယ်ပိုင်းတွင်   နိုင်ငံခြား ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည်      တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စား လှယ်အဖွဲ့အား   မြတ်တော်ဝင် ဟိုတယ်၌      နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်