မြန်မာ-ထိုင်း သေမင်းတမန်မီးရထားလမ်းပြတိုက် ယာယီပိတ်ထားရာမှ ပြည်သူများ လာရောက်လေ့လာလည်ပတ်နိုင်ရန် ပြန်လည်ဖွင့်လှစ်

 

နေပြည်တော်  အောက်တိုဘာ   ၃၀


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ပိုင်းတွင် မွန်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသည့် သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ-ထိုင်း သေမင်းတမန်မီးရထားလမ်းပြတိုက်အား သွားရောက်ကြည့်ရှုရာ  တာဝန် ရှိသူများမှ ပြတိုက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသ ထားရှိမှုကို  လိုက်လံရှင်းလင်းပြသသည်။
 

 

အဆိုပါပြတိုက်ကို နိုင်ငံခြား သား      ခရီးသွားဧည့်သည်များ နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍  ၂၀၁၆   ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ပြတိုက်တွင် သမိုင်း ဝင်ပန်းချီကားများ၊    ရေနွေးငွေ့ ရထားစက်ခေါင်း၊ ချွေးတပ်သား များ       လမ်းဖောက်လုပ်သည့် ဓာတ်ပုံမှတ်တမ်းများနှင့်  ရုပ်ရှင် ဗီဒီယိုကို  ပြသထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြတိုက် ကို  ယာယီပိတ်ထားရာမှ ပြည်သူ လူထုများ   လာရောက်လေ့လာ လည်ပတ်နိုင်ရန်    ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရှိရသည်။

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်     သံဖြူ ဇရပ်မြို့ရှိ ဓနသဟာယစစ်သင်္ချိုင်း သို့ သွားရောက်ကြည့်ရှုရာ တာဝန် ရှိသူများက        စစ်သင်္ချိုင်းအား ထိန်းသိမ်း စောင့်ရှောက်နေမှုကို ရှင်းလင်းတင်ပြသည်။    အဆိုပါ ဓနသဟာယစစ်သင်္ချိုင်းကို ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်သည့်   စစ်သင်္ချိုင်းဖြစ်ကာ ၁၉၄၂ မှ  ၁၉၄၅   ခုနှစ်အတွင်း ဂျပန်စစ်သုံ့ပန်းများအဖြစ် မြန်မာ- ယိုးဒယား နယ်စပ်မီးရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသည့် ဗြိတိသျှ၊  သြစတြေးလျ၊ နယ်သာ လန် စစ်မှုထမ်းများနှင့်    အာရှ ချွေးတပ်သားများ    မြှုပ်နှံထားရှိ သည့် စစ်သင်္ချိုင်းဖြစ်ပြီး ခရီးသွား ဧည့်သည်များ          လာရောက် လည်ပတ်လေ့ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရှိရသည်။    

 


ဆက်လက်၍ ပြည်‌ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်     ကျိုက္ခမီ မြို့ရှိ   ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားကြီးအား   ပန်း၊   ‌ရေချမ်း နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး  ဘက်စုံအလှူငွေ ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံ ရယူသည်။      အဆိုပါဘုရားသို့ ရုံးပိတ်ရက်       ကာလဖြစ်သည့် အားလျော်စွာ    ပြည်တွင်းဘုရား ဖူးဧည့်သည်များ     လာ‌ရောက် ဖူးမြော်ကြည်ညိုကြပြီး    ဘုရား ဖူးများနှင့်         စည်ကားလျက်ရှိ သည်။

 


ထို့နောက်    ပြည်‌ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်       စက်စဲ ကမ်းခြေရှိ 21 Paradise Hotel သို့ရောက်ရှိပြီး    ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍    စက်စဲ ကမ်းခြေသို့ လာရောက်လည်ပတ် သော    ခရီးသွားဧည့်သည်များ တည်းခိုနိုင်‌ရေး ကြိုတင်ပြင်ဆင်ထားမှုအခြေအနေနှင့် ကမ်းခြေ သန့်ရှင်းသာယာလှပ‌ရေး    ဆောင် ရွက်ထားမှု  အခြေအနေများကို ကြည့်ရှုသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်       မွန်ပြည်နယ် ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းနှင့်    တွေ့ဆုံဆွေးနွေးပြီး   ဟိုတယ်နှင့် ခရီးသွားကဏ္ဍ    ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ  ပြည်နယ်အစိုးရအဖွဲ့   အနေဖြင့် လည်း   ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသဖြင့်   ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။ 

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်      မော်လမြိုင်မြို့ အောက်လမ်းမကြီးရှိ   ခရီးသွား ဧည့်သည်များ       လာ‌ရောက် လည်ပတ်ရာတွင် ခရီးစဉ်ဒေသ ဆိုင်ရာအချက်အလက်များ သိရှိ လိုမှုကို    မေးမြန်းစုံစမ်းနိုင်ရန် အတွက် Information  Counter ဖွင့်လှစ်မည့် အဆောက်အဦနေရာ ကို သွား‌ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။  

            
သတင်းစဉ်