
နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပိုမို အားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့် စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကြိုးပမ်း မှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ် များ အပြန်အလှန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌ Mr. Pavel GUSEV ၊ စစ်သံမှူး Colonel KURCHENKO Sergei Semyonovich နှင့် ရုရှားတပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမိန့်ကိုဖတ်ကြား
ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီက မတ် ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာ အမှတ် ၆၄/၂၀၂၄ ဖြင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ်များအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များ ပေးအပ်သည့်အမိန့်ကို ဖတ်ကြား တင်ပြသည်။
လက်ရောက်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်ခံရသူများအနက် “သီရိ သီဟကျော်တံဆိပ်” ရရှိသည့် Colonel KURCHENKO Sergei Semyonovich ၊ Captain 2nd rank YASHIN Dmitry Valerievich ၊ Captain 2nd rank SHILKOV Vitaly Vasilyevich နှင့် “သီရိသူရကျော် တံဆိပ်” ရရှိသည့် Colonel(Rtd) SARATOV Sergei Nikolaevich တို့အား ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များ ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ Captain 2nd rank YASHIN Dmitry Valerievich က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သည့်
အမိန့်ကြော်ညာစာအမှတ် ၇၇ ဖြင့် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက် ရေး ကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ အား စွမ်းဆောင်ဆုတံဆိပ်များဖြစ်သည့် “နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင် ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” နှင့် “တိုက်ပွဲဝင် သွေးသောက် စိတ် မြှင့်တင်မှုဆုတံဆိပ်” တို့ကို ချီးမြှင့် အပ်နှင်းသည့်အမိန့်အား ဖတ်ကြားတင်ပြ သည်။
ဂါရဝပြုချီးမြှင့်အပ်နှင်း
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin က “နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင် ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဆုတံဆိပ်ကို ဂါရဝပြုချီးမြှင့်အပ်နှင်း သည်။
တစ်ဦးချင်း ချီးမြှင့်အပ်နှင်း
ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက “နိုင်ငံတကာစစ်ဘက်ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင် ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင် အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ် များ တစ်ဦးချင်း ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က “တိုက်ပွဲဝင် သွေးသောက်စိတ်မြှင့်တင် မှုဆုတံဆိပ်” ချီးမြှင့်ခြင်းခံရသည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ် များကို တစ်ဦးချင်း ချီးမြှင့်အပ်နှင်းသည်။
အပြန်အလှန် ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် တက်ရောက်လာကြသူများသည် အမှတ် တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်