မြန်မာ - ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ   ၂၀


မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံ ရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင် ဦးနှင့်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကို တို့ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်း က နေပြည်တော်ရှိ  နိုင်ငံခြားရေး ဝန်ကြီးဌာန၌    ကျင်းပပြုလုပ် သည်။    
ဆွေးနွေးပွဲတွင် မြန်မာ - ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊    တရားရေး၊    ဥပဒေ ရေးရာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီး မြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ ပြန်ကြား ရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီး သွားလုပ်ငန်းနှင့်       ပြည်သူ အချင်းချင်း    ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများ     အပါအဝင် နှစ်နိုင်ငံအကြား      အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ     တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာတွင်   နီးကပ်စွာ    ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များနှင့်    မြန်မာနိုင်ငံ၏   ဖြစ်ပေါ် တိုးတက်မှု    အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ရုရှား    နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား     ညှိနှိုင်းဆွေးနွေးပွဲ အစီအစဉ်    (၂၀၂၂-၂၀၂၄)  အရ ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့  သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ      အဆင့်မြင့် ကိုယ်စားလှယ်များ   ပါဝင်တက် ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင်   နိုင်ငံ ခြားရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ     နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ကို  နေပြည်တော်ရှိ Hilton ဟိုတယ်၌    ညစာဖြင့်   တည်ခင်း ဧည့်ခံခဲ့သည်။             

သတင်းစဉ်