မြန်မာ- ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်  ပထမအကြိမ် မြန်မာ- ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ကျင်းပ

 

 

နေပြည်တော်   စက်တင်ဘာ   ၂၈ 


မြန်မာ- ရုရှား    နှစ်နိုင်ငံအကြား   ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍  ပထမအကြိမ်  မြန်မာ- ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ  (1st Business to Business Dialogue) ကို  ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရုံးအမှတ်(၁)၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန    အစည်းအဝေးခန်းမ၌   Virtual  စနစ်ဖြင့် ကျင်းပသည်။        
အဆိုပါ ဆွေးနွေးမှု အစီအစဉ်တွင် မြန်မာဘက်မှ  ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား  ဆက်သွယ်ရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်  ရုရှားဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး   H.E. Dr. Nikolay LISTOPADOV တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာ စကား ပြောကြားကြသည်။
အစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ   သံအမတ်ကြီး၊   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ရုရှား-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏  အာရှနှင့် သမုဒ္ဒရာကျွန်းစုနိုင်ငံများဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယအကြီးအကဲ၊  အာရှနိုင်ငံဆိုင်ရာ   ဆိုက်ဘေးရီးယား   နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး  ဥက္ကဋ္ဌနှင့်  မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း   ဥက္ကဋ္ဌတို့က   အမှာစကား ပြောကြားကြသည်။
ချိတ်ဆက်ဆောင်ရွက်
ဆွေးနွေးပွဲတွင်   ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက  ကိုဗစ်-၁၉  ကူးစက်ရောဂါ  အခြေအနေ တည်ငြိမ်ပါက   ၂၀၂၁  ခုနှစ်   ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် တတိယအကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ   ပူးတွဲကော်မရှင် အစည်းအဝေးမတိုင်မီ  ကြိုတင်ပြင်ဆင်သည့်  အနေ ဖြင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲကို  ကျင်းပရခြင်းဖြစ်ပါကြောင်း၊      မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့်     ရင်းနှီးမြှုပ်နှံမှုများ   တိုးမြှင့်စေ  ရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများကို   ကပ်ရောဂါအလွန်    ပုံမှန်အခြေ အနေသစ်နှင့်       လိုက်လျောညီထွေ   ဖြစ်အောင် အလေးထားဆောင်ရွက်လျက်ရှိရာ       စီးပွားရေး လုပ်ငန်းရှင်များအတွက်     အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း များကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ရိုးရှင်းလွယ်ကူစေ ရန်၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ပါမစ်လိုင်စင်များ၊  ထောက်ခံချက်များ ရယူရာတွင် Online ဝန်ဆောင်မှု ပေးနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ကိစ္စရပ် များတွင်    ပွင့်လင်းမြင်သာမှုရှိစေရန်     စသည်ဖြင့် SMART Programmes ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပမာဏတိုးမြှင့်နိုင်
နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ  ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ အနာဂတ်အကျိုးစီးပွားကို ခိုင်မာအားကောင်းလာ နိုင်စေပါကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်စေရန် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ ယခုလိုတွေ့ဆုံ၍ နှစ်ဖက်စိတ်ဝင် စားသည့် နယ်ပယ်၊ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်  အခွင့်အလမ်းများကို အပြန်အလှန် ဖလှယ်ခွင့်ရရှိပြီး  နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည်  ဖြစ်ပါ ကြောင်း၊   လက်ရှိအခြေအနေတွင်   မြန်မာ- ရုရှား နှစ်နိုင်ငံအကြား   ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းပါးနေသော်လည်း ယခုလို ပထမအကြိမ်  စီးပွားရေးလုပ်ငန်းရှင်များ   အချင်းချင်းဆွေးနွေးပွဲ (1st Business to Business Dialogue)  ဆောင်ရွက် ခြင်းမှသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု    ပမာဏတိုးမြှင့်နိုင်ပြီး   ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု အခိုင် အမာ ယုံကြည်ကြောင်း ပြောကြားသည်။ 
ယင်းနောက်   ရုရှားနိုင်ငံဘက်မှ   စီးပွားရေး လုပ်ငန်းရှင်များ  မြန်မာနိုင်ငံ၌  ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ရန်အတွက် ကြိုတင် သိရှိထားရမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် အခွင့် အလမ်းများကိုလည်းကောင်း၊       နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဥပဒေမူဘောင်များ၊ လုပ်ထုံး လုပ်နည်းများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်    အလားအလာများ၊    အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံအနေဖြင့် လက်ရှိတွင်  Eurasian Economic Union အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့်  မြန်မာနိုင်ငံအပါအဝင်  ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ Eurasian Economic Union’s Com-mon System of Tariff  Preferences  ပေးအပ်လျက် ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ပို့ကုန် များတင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်   တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍  ရုရှား- မြန်မာ နှစ်နိုင်ငံအကြား အလားအလာရှိသော     ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကဏ္ဍများနှင့်စပ်လျဉ်း၍  ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကဏ္ဍ၊  လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်  စွမ်းအင်ကဏ္ဍ၊ စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊  သတ္တုတူးဖော်ရေးကဏ္ဍ   စသည့်  ကဏ္ဍ  (၅)  ခုကို မြန်မာ- ရုရှား နှစ်ဖက် အစိုးရ/ ပုဂ္ဂလိက အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခဲ့ ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး နှစ်ဖက်တာဝန်ရှိ သူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြ ကြောင်း သိရသည်။ 
တက်ရောက်
ဆွေးနွေးပွဲသို့    ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊   စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်  ဝန်ကြီးဌာန၊    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊     ပြည် ထောင်စုသမ္မတ     မြန်မာနိုင်ငံ     ကုန်သည်များနှင့် စက်မှုလက်မှု    လုပ်ငန်းရှင်များ     အသင်းချုပ်နှင့် ညီနောင်အသင်းများဖြစ်သော   မြန်မာနိုင်ငံဘဏ် များအသင်း၊ မြန်မာနိုင်ငံ အာမခံလုပ်ငန်းရှင်များ အသင်း၊   မြန်မာနိုင်ငံ   ဆန်စပါး    အသင်းချုပ်၊ မြန်မာနိုင်ငံ    မြေဩဇာ၊   မျိုးစေ့နှင့်    စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း၊   မြန်မာနိုင်ငံ  သစ်သီးဝလံ၊   ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့  ဝန်ဆောင်မှုအသင်း၊  မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်    တင်ပို့ရောင်းချသူများ    အသင်းတို့မှ ကိုယ်စားလှယ်များနှင့်  မြန်မာ- ရုရှား ချစ်ကြည်ရေး အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ  ရုရှားသံရုံးမှ ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရုရှားကုမ္ပဏီများမှ ကိုယ်စားလှယ် များ၊   အာရှနိုင်ငံဆိုင်ရာ  ဆိုက်ဘေးရီးယား  နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့သည်။                     သတင်းစဉ်