မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းနှင့် ဆင်ခြေလျှောတံတားများ တည်ဆောက်မှု ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် နေ့ညမပြတ်ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်   မတ်   ၂၂


မြန်မာနိုင်ငံတွင် အထင်ကရပြယုဂ်တစ်ခုဖြစ်စေမည့် မြန်မာ-ကိုရီးယား   နှစ်နိုင်ငံချစ်ကြည်ရေး  (ဒလ)တံတားကြီးကို ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက် ရေးလုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့ရာ   မြစ်ကူး တံတားနှစ်ဖက်မှ  ချဉ်းကပ်လမ်းပိုင်းနှင့်  ဆင်ခြေ လျှောတံတားလုပ်ငန်းများ  ၂၀၂၃  ခုနှစ်  နှစ်ကုန်ပိုင်း တွင်    ပြီးစီးရန်    နေ့ညမပြတ်   ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 


ယခုအခါ တံတားကြီး၏  ပုံသဏ္ဌာန်မှာ  ရုပ်လုံး ပေါ်လာပြီဖြစ်ပြီး ရန်ကုန်ဘက်ခြမ်းတွင် ဘုန်းကြီး လမ်းသို့   နှစ်လမ်းသွားတံတားတစ်စင်း၊    ဆူးလေ ဘုရားဘက်သို့     တစ်လမ်းမောင်းတံတားတစ်စင်း၊ အလုံမြို့နယ်ဘက်သို့       တစ်လမ်းမောင်းတံတား တစ်စင်းဖြင့် စုစုပေါင်းတံတားသုံးစင်း သွယ်ဆင်း သည့်ပမာ တည်ဆောက်လျက်ရှိသည်။

 


မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် ရန်ကုန် - ဒလမြစ်ကူးတံတားသည်    အကြီးဆုံးနှင့် အရှည်ဆုံးဖြစ်ပြီး  တံတားအရှည်မှာ  ၁၈၆၈  မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိသည်။  သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းဖြင့် ဘိုးပိုင် အုတ်မြစ်တံတားတစ်ခုဖြစ်ပြီး တံတား၏တစ်ဖက် တစ်ချက်တွင် ၄ မီတာကျယ်ဝန်းသော လူသွားလမ်း ပါရှိ၍   တံတားခံနိုင်ဝန်မှာ   ၇၅   တန်ဖြစ်သည်။ တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတားအရှည်သည် ၆၉၀ မီတာဖြင့် စုစုပေါင်းတံတားအရှည် ၁၈၆၈ မီတာ ဖြင့်   တည်ဆောက်ထားကာ   ဆင်ခြေလျှောတံတား များ အကျယ်သည် ၂၃ ပေဖြစ်သည်။  ပင်မတံတားကြီး ၏ အောက်ဘက်တွင် တန်ချိန် တစ်သောင်းခွဲ (DWT) ရှိ   နိုင်ငံတကာကုန်တင်သင်္ဘောများ    ဖြတ်သန်း သွားလာနိုင်ရန် ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ ပေ ၁၆၀ ၌ ရေလမ်းကင်းလွတ်အကျယ် ၃၀၁ မီတာ ၉၉၈ ပေဖြင့် တည်ဆောက်ထားသည်။

 


တံတားကြီးကို    တည်ဆောက်ရာတွင်     ပင်မ တံတားသည်    အရေးအကြီးဆုံးဖြစ်ပြီး    PY 1  နှင့် PY 2  ရေလယ်ပိုင်း ခန်းဖွင့်တာဝါတိုင်ကြီးနှစ်ခုဖြင့် ကေဘယ်လ်ကြိုးဆိုင်းတံတားကို    နိုင်ငံတကာ အဆင့်မီနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော    CCEC တရုတ်နိုင်ငံမှ တည်ဆောက်လျက်ရှိပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ      ကိုရီးယားနည်းပညာကို အသုံးပြု၍ တည်ဆောက်လျက်ရှိကာ ရေလယ်အပိုင်း အဓိကအစိတ်အပိုင်းဖြစ်သော    တာဝါတိုင်နှစ်ခု၏ အကွာအဝေးသည် မီတာ ၃၇၀  အကျယ်ရှိသည်။

 


“လက်ရှိတည်ဆောက်နေမှုက ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား   ပီစီဂါဒါတွေ    အားလုံးတင်ပြီး ကွန်ကရစ်ဆလက်လောင်းပြီးဖြစ်ပါတယ်။  ဆင်ခြေ လျှောတံတားနှစ်စင်းကိုလည်း    သံမဏိသံပေါင် ရက်မတင်တဲ့လုပ်ငန်းတွေ လက်ရှိဆောင်ရွက်နေပြီး တော့ မကြာမီကာလမှာ ချဉ်းကပ်တံတား၊ချဉ်းကပ် လမ်းပိုင်းတွေ         ဆောင်ရွက်ပြီးစီးသွားမှာပါ။ အလားတူ ဒလဘက်ခြမ်းမှာလည်း ကြိုတင်အားဖြည့် ကွန်ကရစ်     ရက်မပီစီဂါဒါတင်တဲ့      လုပ်ငန်းတွေ ဆောင်ရွက်နေပြီး      ကွန်ကရစ်ဆလက်လောင်းတဲ့ လုပ်ငန်းကို         ဆက်လက်လုပ်ဆောင်သွားမှာပါ။ တံတားရဲ့ပင်မတံတားဟာရေလယ်က PY1 နဲ့ PY2 ဖြစ်တာကြောင့် PY1  ဟာ  မီတာ  ၅၀  အမြင့်ကို ရောက်နေပြီး ရန်ကုန်ဘက်ခြမ်းက PY2 ဟာ အမြင့် ၄၅ မီတာခန့်ရောက်နေပါပြီ။ ပင်မတံတားဟာ အမြင့် မီတာ ၁၃၀ကျော် မြင့်တာကြောင့် နေ့ဆိုင်းညဆိုင်း နဲ့ကြိုးစားဆောင်ရွက်နေပါတယ်။ တံတားတစ်စင်း လုံးအနေနဲ့  ၅၄ ရာခိုင်နှုန်း  ပြီးစီးနေပါပြီ။ သံမဏိ ကြိုးဆိုင်းတံတားဟာ ပင်မတံတားကြီးဖြစ်တာကြောင့် PY1 နဲ့ PY2 က ကေဘယ်လ်ချောင်းတွေနဲ့ ဆက်နေ ပါပြီ။ ဆင်ခြေလျှောတံတားများနဲ့ ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းပိုင်းလုပ်ဆောင်မှုဟာ ဒီနှစ်ကုန်ပိုင်း မှာ     ပြီးစီးမှာဖြစ်ပြီးတော့     တံတားကြီးတစ်ခုလုံး တည်ဆောက်မှုဟာ    ၂၀၂၄   ခုနှစ်မှာ     ပြီးစီးဖို့ ဆောင်ရွက်နေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။

 


၂၀၁၃ ခုနှစ်  နိုင်ငံတော်သမ္မတ   ဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံခရီးစဉ်တွင်   မြန်မာနိုင်ငံ၌   တံတား တစ်စင်းတည်ဆောက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီမှုဖြင့် ထိုနှစ်တွင် ဖြစ်တန်စွမ်းလေ့လာမှု ကို   ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ    အကူအညီဖြင့် ကနဦးဆောင်ရွက်မှုမှ  အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏   သက်သာသော အတိုးနှုန်းချေးငွေစာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ လက်မှတ်ရေးထိုး၍ တံတားတည်ဆောက်မှုကို စတင်ခဲ့သည်။   တံတားစီမံကိန်းကို   ကိုရီးယားနိုင်ငံ GS Engineering Group မှ တာဝန်ယူ တည်ဆောက် ခြင်းဖြစ်ပြီး   စုစုပေါင်း  အမေရိကန်ဒေါ်လာ    ၁၅၇ ဒသမ ၈၃၃ သန်း ကုန်ကျမည်ဖြစ်သည်။ 

 


မြစ်ကူးတံတားကြီးတည်ဆောက်ပြီးစီးသွားပါ က စိုက်ပျိုးရေးနှင့် ရေထွက်ကုန်အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးနှင့်  နိုင်ငံတကာသို့   အဓိက ပို့ကုန်များ တင်ပို့ရာ ရန်ကုန်တိုင်းဒေသကြီးတို့ စီးပွား ရေးအခွင့်အလမ်းများစွာ  ပေါ်ထွန်းလာမည် ဖြစ်ပြီး တိုင်းဒေသကြီးနှစ်ခု၏ စီးပွားရေးအချက်အချာကျရာ တံတားကြီးတစ်စင်းအဖြစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး တွင်   အထောက်အပံ့ကောင်းများစွာ   ရရှိလာမည့် အပြင် ဧရာဝတီတိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု၏ ရွှေလမ်း၊ ငွေလမ်းတံတားကြီး တစ်စင်း အဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။

 


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး မြစ်ကူးတံတား ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားကြီးတစ်စင်းအဖြစ်        ပေါ်ထွန်းလာမည် ဖြစ်သည်။                             
           

သတင်းစဉ်