မြန်မာ - ကိုရီးယား ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲ ကျင်းပ

 

ရန်ကုန်    နိုဝင်ဘာ     ၃


မြန်မာ - ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် Korea K-Pop အနုပညာ နှစ်ခြိုက်သူများ ကြည့်ရှု နားဆင်နိုင်ရန်အတွက် Myanmar-  Korea  Musical   Show ကို မြန်မာ့အသံနှင့်  ရုပ်မြင်သံကား က  Friday Night Live Show အဖြစ် Myanmar-Korea Musical Show      ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲအား ယနေ့ည ၉ နာရီ က    ရန်ကုန်မြို့   ပြည်လမ်းရှိ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား Studio(A)မှ  တိုက်ရိုက်(Live)ရိုက်ကူးထုတ်လွှင့်ခဲ့ရာ  ပြည်သူ များ  တစ်ခဲနက်ကြည့်ရှုအားပေး ကြသည်။


ယနေ့ဖျော်ဖြေပွဲသို့ ရန်ကုန် တိုင်းဒေသကြီး   အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်အတူ ပြန်ကြားရေး ဝန်ကြီးဌာန   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် အနုပညာရှင်များ၊ နိုင်ငံခြား    ဘာသာတက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေး မှုနှင့်       အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်း သူများ     တက်ရောက်ကြည့်ရှု အားပေးကြသည်။


ရှေးဦးစွာ   ကိုရီးယားနိုင်ငံ K-Pop   အဖွဲ့မှ   အမျိုးသား အနုပညာရှင် Moon Georntaka၊ Haro၊   အမျိုးသမီးရုပ်ရှင်သရုပ် ဆောင်   Nam   Young  Jocx ၊ အမျိုးသမီးအနုပညာရှင် Henny ၊ Jeong Deul le နှင့် Rejen တို့က နိုင်ငံတကာတွင် ကျော်ကြားသည့် K-Pop  Dance     အကများ၊ ကိုရီးယား  ကျေးလက်တေးဂီတ Trot ၊ Ballade ဂန္ထဝင်တေးသီချင်း များနှင့် မြန်မာနိုင်ငံမှအနုပညာရှင် များဖြစ်သည့် မီးနိုနှင့်  ယွန်းတို့က တေးသီချင်းနှစ်ပုဒ်စီဖြင့် နောက်ခံ အကအဖွဲ့နှင့်အတူ မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်ကြသည်။


ဆက်လက်၍      မြန်မာ-  ကိုရီးယား အနုပညာရှင် ရှစ်ဦးတို့ စုပေါင်း၍ “သင်္ကြန်မိုး”  သီချင်း ဖြင့်  သီဆိုဖျော်ဖြေကြသည်။ 
ထို့နောက် သီဆိုဖျော်ဖြေခဲ့ ကြသည့်   မြန်မာ - ကိုရီးယား အနုပညာရှင်အဖွဲ့အား ပြန်ကြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း ကိုယ်စား မြန်မာ့အသံနှင့် ရုပ်မြင် သံကြား  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က       ဂုဏ်ပြုပန်းခြင်း၊ မှတ်တမ်းလွှာနှင့်   အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ပြီး    ကိုရီးယားအဖွဲ့က လည်း အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။ 


မြန်မာ့အသံနှင့်      ရုပ်မြင် သံကြားသည် ပြည်သူများအပန်း ပြေစေရန်၊      ပျော်ရွှင်စေရန်နှင့်  စိတ်ခွန်အားသစ်များ   ရရှိနိုင်ရန် အတွက် ဖျော်ဖြေရေးအစီအစဉ် များကို  တိုးမြှင့်တင်ဆက်လျက် ရှိ၍ အပတ်စဉ်သောကြာနေ့တိုင်း တွင် Friday Night Live Show တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ရိုက်ကူး    တင်ဆက်လျက်ရှိရာ ယခုသီတင်းပတ်တွင် တင်ဆက်ခဲ့ သည့်ဖျော်ဖြေမှုကို နိုဝင်ဘာ ၅ ရက်၊  (တနင်္ဂနွေနေ့)  နံနက် ၁၀ နာရီ ခွဲတွင်လည်း  ပြန်လည်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း  သိရ သည်။  

      ညိမ်းသူ/မောင်သီဟ  
(သတင်းစဉ်) 
ဓာတ်ပုံ - ဇော်မင်းလတ်